ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

"ကျွန်တော် သာမာန်လူဖြစ်သွားပြီ ကိုကို!"

"ဟမ် ? "

"ဟုတ်တယ် ကျွန်တော်ကျိန်စာကိုပယ်ဖြတ်နိုင်သွားပြီ"

"....."

ကိုကိုက မျက်လုံးလေးတွေပြူးလို့နားမလည်တဲ့ ပုံလေးဖြစ်လို့နေတယ် ။ ဂျောင်ကု တစ်ချက်ပြုံးပြီး အစကနေအဆုံးထိပြောပြလိုက်တော့တယ် ။

"ဒါဆို .. ဒါဆို .. မင်း လပြည့်ညတိုင်းသွေးသောက်စရာမလိုတော့ဘူးပေါ့နော်"

"ဒါပေါ့ ကိုကိုရဲ့"

"အဟင့်"

ရုတ်တရက် ကိုကိုက ထငိုပြီး ဂျောင်ကုကိုဖက်ထားတယ် ။ ဂျောင်ကုလည်း အံ့သြသွားပေမယ့် ပြန်ဖက်ထားလိုက်ပါတယ် ။

"ဝမ်းသာလိုက်တာဂျောင်ကုရယ် ၊ ကိုကိုကမင်းအတွက်ဝမ်းသာတယ် "

ကိုကို့စကားကြောင့် ဂျောင်ကုက ကိုကို့ကိုပိုလို့တိုးဖက်လိုက်တယ် ။

"အင်း .. နောက်ဆို ကျွန်တော်ကြောင့် ကိုကို ဒုက္ခရောက်စရာမလိုတော့ဘူး ၊ ကျွန်တော်တို့သာမာန်လူတွေလိုဖြတ်သန်းသွားလို့ရပြီ"

ဂျောင်ကုစကားကြောင့် ဂျီမင်း ဖက်ထားရာကနေခွာလိုက်တယ် ။

"တောင်းပန်ပါတယ် ဂျောင်ကု ! အဲ့တုန်းကပြောတဲ့စကားတွေက တကယ်မဟုတ်ပါဘူး ၊ မင်းကျိန်စာကိုမဖျက်နိုင်လည်း ကိုကိုမင်းကိုအပြစ်မတင်ပါဘူး ၊ ကိုကိုမင်းကို ချစ်ပါတယ် ဂျောင်ကု "

ဂျောင်ကုက ပြုံးတယ်။

"တောင်းပန်စရာမလိုပါဘူး ကိုကိုရဲ့ ၊ ဘာပဲဖြစ်ဖြစ် အခုဆို အားလုံးအဆင်ပြေသွားပြီ ၊ ကျွန်တော်ကလည်း သာမာန်လူဖြစ်သွားပြီ ၊ ပြီးတော့ ကျွန်တော့်မှာအာဏာလည်းရှိပြီ ကိုကို့ကို ဘယ်သူကမှလုမယူနိုင်အောင်လည်းကာကွယ်နိုင်သွားပြီ"

ဂျောင်ကုစကားကြောင့် ဂျီမင်းရုတ်တရက်သတိရမိသွားတာ ဂျောင်ဆူ !

"ဂျောင်ကု "

"ဟင်"

"အရှင်ရော"

ဂျောင်ကုမျက်နှာက ကွက်ခနဲပျက်သွားတယ် ။

"ကိုကိုကဘာလို့မေးတာလဲ"

You've reached the end of published parts.

⏰ Last updated: Apr 30, 2021 ⏰

Add this story to your Library to get notified about new parts!

လရောင်လွှမ်းသောအနမ်း [Complete]Where stories live. Discover now