စကားအကြာကြီး ပြောဖြစ်ကြတဲ့...
Topicကတော့...ကိုဗစ် နောက်ထပ် wave တစ်ခု မလာခင် အပြေးလေး ထွက်ခဲ့ကြတဲ့ ခရီးတွေအကြောင်း...သူကတော့ George Orwell ရဲ့ Burmese Days စာအုပ်ထဲက ကသာမြို့ကို သွားခဲ့တဲ့အကြောင်း...
မြို့လေးက Foreigner တွေ အလာများပြီး untouched beautyတွေ ရှိနေသေးတဲ့အကြောင်း..
ခရီးစဥ်ကို ရထားနဲ့ သွားခဲ့ပြီး...အဲဒီကနေ သိလာတဲ့လူနဲ့ နောက်ထပ် နမ်ဇာ ဆိုတဲ့ နေရာကို ထပ်သွားခဲဲ့ကြောင်း...
လမ်းတစ်လျှောက် ရှုခင်းတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ...နောက် Videoတွေကို ပို့ပေးရင်း Documentary တစ်ခုလို ခရီးစဥ်ကို ပြောပြတယ်...
သူ သွားခဲ့တဲ့နေရာက တကယ်ကို ကြည့်လေရာ စိမ်းစိမ်းစို...မျက်စိ အေးချမ်းတယ်...
ပုံတစ်ခုမှာဆို မြက်ခင်းပြင်မှာ သူက လှဲအိပ်...
ခြေထောက်ချိတ်ပြီး စာဖတ်နေတာ...ခရီးတစ်ခုလုံး အိပ်လိုက်..ဘီယာသောက်လိုက်...စိတ်ကူးပေါက်ရင် ထသွားလိုက် လုပ်နေတဲ့ အချက်ကိုတော့ သူမ အံ့သြပြီး ရယ်ချင်မိတယ်...
သူနဲ့ သူမက တကယ်တော့ ကျောင်းတူတယ်...
မေဂျာကွဲ...သူက ဒီမှာ အခြေစိုက်ထားတဲ့ နိုင်ငံခြား သတင်းဋ္ဌာနတစ်ခုရဲ့... TV Reporter...နောက်...
Video Journalist ...အဲလို ခရီးသွားပြီဆို အလုပ်ကနေ ဆယ်ရက်လောက် ခွင့်ယူပြီးသွားဖြစ်တဲ့အကြောင်း...
mailတွေ msg တွေလည်း ဝင်မစစ်တော့ကြောင်း...
အခုလည်း ခွင့်ရက်တွေ အများကြီး သူ့မှာ ယူဖို့ ကျန်နေတဲ့အကြောင်း... သူ ဆက်ပြောတယ်...
အချိန်က ဆယ့်တစ် ထိုးနေပြီ...သူမ အိပ်ချင်လာတယ်...
နောက်နေ့မှ ဆက်ပြောဖို့ ပြောတော့...
"အိပ်တော့မို့လား အမိ" လို့ သူ မေးတယ်...
အဲဒီညက သူမ အိပ်ရာဝင် မစော... နောက်လည်း မကျခဲ့...