"ပတ်ဂျီမင်း ....ဟဲ့ပတ်ဂျီမင်းးးး!
တောက်စ် .ဒီဟာလေး ဘယ်ရောက်နေပြန်ပြီလဲမသိဘူး
ပတ်ဂျီမင်းးရေ
ပတ်ဂျီမင်းးး ပတ်ဂျီမင်းးးးး !!
အလိုမကျသံများပါဝင်နေသည့် ဆူးနက်သောအသံတစ်ခု ခက်ထန်သောလေယူလေသိမ်းများစွာဖြင့်
နာမည်တစ်ခုအား
လည်ချောင်းထဲကရှိသမျှအားအကုန်သုံးပြီးပင်အော်နေသလို စိတ်အလိုမကျစွာပဲ~ထိုအသံနဲ့အတူမျက်ခုံးတန်းတို့ပင် တွန့်ကွေးနေပြီ
အသံကုန်အော်ဟစ်နေပါသော အမျိုးသမီးတစ်ယောက် အသံသည် စံအိမ်တော်ကြီးထဲတွင်ဟိန်းထွက်နေလျှက်
ယင်းအော်သံအား အတန်ငယ်ကြာမှကြားရသည့်အထင် အနားကို
လှုပ်စိလှုပ်စိ နဲ့ ပြေးလာပါသော ကောင်ငယ်လေး.
ထိုကောင်လေးအား မြင်လိုက်ပြီးသည်နှင့်သူမ၏အတွေးတစ်နေရာတွင် ထိုသို့ကောက်ချက်ချမိသည်အထိ...။
သူဒီကောင်လေးအားသိပ်ကိုမှ မုန်းမိပါတယ်ဆိုတာပြောစရာပင်မလို
မိန်းမတစ်ယောက်အနေနဲ့ကော လူသားတစ်ယောက်အနေနဲ့ပါ မနာလိုမိလောက်အောင် ဒီကောင်လေးအား မုန်းမိပါတယ်
ဘာကြောင့်လဲ~ဘာလို့လဲဆိုတဲ့ မေးခွန်းတွေအတွက် သူ့မှာအဖြေမရှိ ဒီကောင်လေးမှာသာ အဖြေရှိလိမ့်မယ်ထင်တယ်..
ထိုကောင်လေးရဲ့ အရာရာက သူမအတွက်သိပ်ကို မုန်းတီးစရာကောင်းနေတာကို ထိုအရာတွေကပဲ သူ့
မျက်လုံးထဲဘဝင်မကျဖြစ်နေခဲ့တာ...
သာမာန်လူတွေ သူတို့လို မိန်းမတွေပင်ရှုံးလောက်အောင်လှပတဲ့ဒီကောင်လေးအား ကလေးဆန်စွာပင် သူမ ငယ်ငယ်ထဲမှ အငြိုကြီးစွာဖြင့် မနာလိုမုန်းတီးရသည့်အကြောင်းအရင်း.
လှပသွယ်ဆင်းနေတဲ့မျက်ခုံးသွယ်လေးနှင့် တစ်ဆက်ထဲက ဖြောင့်ဆင်းတဲ့နှာခေါင်းလေး ပန်းနုရောင်ပါးပြင် ၊နှင်းဆီဖူးရောင် နှုတ်ခမ်းထူထူလေးတွေက လူတိုင်းရဲ့ရင်သပ်ဖွယ်ဖြစ်နေပေမဲ့လို့သူမအတွက်တော့မနှစ်မြို့ဖွယ်ရာတွေ
နို့နှစ်ရောင်အသားနုနုလေးများပိုင်ဆိုင်ထားသော ထိုကောင်လေး၏ ဆုတောင်းကောင်းမှုများအား သူမ မနာလိုဖြစ်ရသည့်အချက်တွေ
အဆုံးစုံဖြင့် ထိုကောင်လေးရဲ့အသံကအစ သူ့အတွက် အလွန်အကျည်းတန်စေတယ်...။
မနာလိုမိသလောက်ကို မုန်းရပါသောလူသားတစ်ယောက်~
YOU ARE READING
Cinderella
Fanfictionဒဏ္ဍရီလာ Cinderellaမင်းသမီးလေးကိုအားကျမိတယ်ကယ်တင်ရှင်မင်းသားလေးနဲ့တွေ့ဆုံခွင့်ရခဲ့လို့လေ~~~~ ဒါဆိုကျွန်တော်ကရော...... * * * * * * * * * * * * * ဒဏ္ဍရီလာ Cinderellaမင်းသမီးေလးကိုအားကၿမိတယ်ကယ်တင်ရွင်မင်းသားေလးနဲ႔တွေဆံု႔ခွင့်ရခဲ့လို႔ေလ~~~~ ဒါဆိုၾကႇန်ေတ...
