Jk လည်းမျက်ရည်များကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပီး ထယ်ယောင်းနဖူးလေးအား အနမ်းဖွဖွခြွေကာ ထွက်သွားတော့သည်...

jkထွက်သွားသည်နှင့် ထယ်ယောင်းလန့်နိုးလာသည်....

Jk ကသူ့ကို ငိုပီးစကားတွေပြောနေခဲ့တယ်တဲ့ ပြန်လာမယ်လို့လည်းပြောတယ် သူ့နဖူးကိုလည်း ခပ်ဖွဖွနမ်းခဲ့သည်တဲ့....

ထယ်ယောင်းတွေးမိပါသည် *တကယ်ဖြစ်ရင်ကောင်းမှာပဲ*လို့...

ထယ်ယောင်းကတော့ တကယ်ဖြစ်ခဲ့သည့်အရာအား အိမ်မက်လို့ထင်နေခြင်း....

ဘယ်သူသိမှာလဲ Jk ကထယ်ယောင်းကိုစကားတွေပြောနေခဲ့တုန်းက Jimin နိုးနေခဲ့တယ်ဆိုတာ....

ထယ်ယောင်းလည်း ခနတွေးပီး ပြန်အိပ်လိုက်သည်..Jimin လည်း ထယ်ယောင်းအိပ်သွားပီမို့ ဖြေးဖြေးလေးထကာ ရေချိုးခန်းသို့ဝင်လာမိသည်....

ရေချိုးခန်းထဲတစ်ယောက်တည်း ငိုယိုကာ စကားတွေ ပြောနေသော ကောင်လေး...

"ထယ်ထယ် Jk ကမင်းကိုသိပ်ချစ်သလို ငါကလည်းမင်းကိုသိပ်ချစ်တာပါ jk လိုမျိုး ငါလည်း ရင်ဖွင့်ချင်ပါရဲ့ မင်းနဲ့သတ်မှတ်ထားတဲ့စည်းလေးပျက်သွားမှာ မလိုလားလို့ပါကွာ မင်းကတော့ အိမ်မက်လို့ထင်နေပေမယ့် တကယ်မှန်းသိနေတဲ့ ငါကတော့ရင်နာတယ် မင်းတို့နှစ်ယောက်ကသိပ်ကိုချစ်ကြတာပဲ ငါပဲနောက်ဆုတ်ပေးမှာပါ ဒါပေမဲ့ မင်းကိုသူငယ်ချင်းအဖြစ်နဲ့တော့ စောင့်ရှောက်ခွင့်ပေးမယ်မလား....."

Jimin ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ကုတင်ပေါ်ထိုင်နေသော ကောင်လေး...

Tae-ငိုထားတာလား မျက်နှာကြီးရဲနေတယ်

Jimin-ဟုတ်ပါဘူး မျက်နှာသစ်ပီး တဘက်နဲ့သုတ်တာ ကြမ်းသွားလို့ပါ

Tae-အင်းပါ

Jimin-ကျန်တဲ့သူတွေနှိုးလိုက်တော့မယ်လေ

Tae-ဟင့်အင်း ငါမင်းကိုပြောစရာရှိသေးတယ် ....

Jimin-ကဲ ပြောစေဗျာ....

Tae-ငါ ငါမရှိတော့ရင်လေ Jk ကိုသေချာရှင်းပြပေးပါနော် ပီးတော့ ငါ့အကိုကိုလည်း ဂရုစိုက်ပေးပါ သူက အရမ်းအားငယ်တတ်တာ

Unacceptable Love(Completed)Where stories live. Discover now