Hs-ကောင်းတယ် ဒါဆိုရင် ငါ့အခန်းထဲက ကုတင်နှစ်ထပ်ဆိုတော့ Suga မင်းက အပေါ်မှာအိပ် ငါကတော့ အိပ်နေကျအတိုင်း အောက်မှာအိပ်မယ်

Suga-အိုကေလေ Joon တို့ကရော

Hs-အပေါ်ထပ်ထောင့်ဆုံးမှာ နှစ်ယောက်အိပ် တစ်ခန်းရှိတယ် အက်မှာ မင်းတို့နှစ်ယောက်အိပ်လိုက် ချစ်သူတွေဆိုတော့အဆင်ပြေတယ်မလား

Jin-ရပါတယ် အေးဆေး

Jimin-ကျွန်တော်‌ကရော

Hs-မင်းက ထယ်ထယ့်အခန်းထဲမှာ ကုတင်တစ်လုံးပိုနေသေးတယ်လေ တွေ့တယ်မလား မင်းအက်မှာအိပ် တစ်ခုခုဆို အော်သာခေါ်လိုက် ရတယ်မလား

Jimin-ရတယ် ရတယ် ကဲဒါဆို သွားပီ

အသီးသီး သူတို့ရဲ့ အိပ်ရာထက်မှာ နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်.....

At Jk's sight.....

ခုထိ အိပ်မပျော်နိုင်သေးသောသူ Jk

Jkကတော့ Cha Shier ကို ရှင်းထုတ်ရန်အတွက်...သူ့အကြောင်းစုံစမ်းနေရသည်...

သူစုံစမ်းတာ သိရသလောက် Cha Shier က မူးယစ်ဆေးစွဲနေကြောင်းလည်းသိရသည်...

သူသာ ဒီအချက်ကို ထောက်ပြနိုင်ရင် သူမသုံးခဲ့သည့် ပမာဏက များသည်မို့ ထောင်တစ်သက်တစ်ကျွန်းကျနိုင်သည်လေ...သူနဲ့ထွက်ထားသည့် သတင်းကလည်းအချိန်ကြာရင်မေ့ပျောက်သွားမည်လေ...

ထို့ကြောင့် Cha Shierသွားတတ်သည့်နေရာများကိုစုံစမ်းသည် သူမ၏ အတွင်းရေးမှူးကိုလည်း ပိုင်အောင်ပေါင်းထားသောကြောင့် ဘယ်သွားမည် ဘာစားမည်ကအစ အကုန်သိရသည် Jkကတော့ မနက်ဖြန်ကစ၍သူမနောက်လိုက်ချောင်းမည်ဟု....

Jk လည်းတွေးနေတာကိုရပ်ပီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည်...ဘေစင် အပေါ်ရှိ မှန်ကိုမျက်လုံးရောက်သွားသောကြောင့်...

ထယ်ယောင်းပေးခဲ့သည့် ဒဏ်ရာမှာ အထင်းသား သူလည်းပတ်တီးကို ဖြည်လိုက်တော့ သွေးစို့နေသေးသော ဒဏ်ရာ....

ထို ဒဏ်ရာအား နူးညံ့စွာ ကိုင်ကြည့်လိုက်ပီး...

Jk-ထူးဆန်းတယ်နော် မင်းကိုယ့်ကိုနာကျင်အောင်လုပ်တယ် တခြားသူဆို သည်းမခံတတ်ပဲနဲ့ မင်းကိုတော့ သည်းခံနေမိတယ် ထယ်ရယ်...သေချာပါတယ် မင်းကိုအရူးအမူး စွဲလမ်းနေမိပီထင်တယ် မင်းဘက်ကဘယ်လိုလုပ်လုပ် ကိုယ်ကတော့ မင်းကိုကပ်နေမှာပဲ ဒါပေမဲ့ အခုတော့မဟုတ်ဘူး အခုကတော့ကိုယ့်အပြစ်တွေရှင်းအောင် လုပ်ရအုံးမယ် မင်းတို့နဲ့ ခနတော့ရှောင်နေအုံးမယ် မလိုလားအပ်တာတွေဖြစ်လာမှာစိုးလို့..ပီးဆုံးသွားပီဆိုရင်တော့ ကိုယ်မင်းအနားမှာမျှော့လို တွယ်ကပ်နေမှာပါ....

Unacceptable Love(Completed)Where stories live. Discover now