Chp(2)The shou becomes a scum gong

Start from the beginning
                                    

    သူ တကယ် ကူးပြောင်းလာခဲ့တာလား?

   မကြာသေးခင်ကပဲ သူ့မှာ ပြဿနာရှိခဲ့တယ် ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့အနာဂတ်ကောင်လေးက သူ့လိုပဲ shou ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲ ဖြစ်လာနိုင်တယ်။ ယခုချိန်မှာတော့ သူ့မှာ အတွေးတစ်ခုတည်းသာရှိတယ်~သူ့ရှေ့ကလူမှာ သိသိသာသာကို  gong တစ်ယောက် ဖြစ်သင့်တယ်။ ထိုလူက ဘယ်လိုများ shou ဖြစ်သွားရတာလဲ? သစ္စာရှိခွေးလေးက အရင်ကတော့ gong တစ်ယောက်ဖြစ်နိုင်ပေမဲ့ နောက်ပိုင်းရောက်မှ shou ဖြစ်သွားတာ ဖြစ်လောက်တယ်။ ဒါမှမဟုတ် သူ့မှာယောက်ျားပီသတဲ့ အသွင်အပြင်ရှိပေမဲ့ သူ့ရဲ့စိတ်နှလုံးက  တကယ်ကို shou လား?

    သူ စဉ်းစားနေတာတွေ အားလုံးကို စမ်းသပ်  ကြည့်လို့ မရနိုင်ဘူး။ သူ့ရှေ့ကလူက သူ့အတွက် အထူးအနေနဲ့ လေ့ကျင့်ပေးခံထားရတဲ့ အရိပ်တပ်သား တစ်ယောက်ဖြစ်တယ်။ သူက တော်ဝင်မိသားစုကို မျိုးဆက်ပေါင်းများစွာ ကာကွယ်ပေးလာတဲ့ အရိပ်တပ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လက်ရှိဘုရင်အစား အရင်ဘုရင်ရဲ့ မင်းသားဆီ ဒီအရိပ်တပ်သားကို ပေးရတဲ့ အကြောင်းရင်းက ဒီမင်းသားရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်။

   ဒီမင်းသားက အရမ်းခေါင်းမာပြီး သူ့ခေါင်းပေါ်  ကံဆိုးမိုးမှောင် ကျလာတဲ့အထိ လက်ရှိဘုရင်ရဲ့ သည်းခံနိုင်စွမ်းကို မကြာခဏ စမ်းသပ်လေ့ရှိတယ်။

   ကံဆိုးမှုက ဖြစ်ခဲ့ပြီ။ သူ့ကို ကာကွယ်ပေးဖို့ သူ့အသက်ကို အာမခံကတိပြုထားတဲ့အရိပ်တပ်သား ရှိပေမဲ့လည်း မင်းသားက ထိုလူရှေ့မှာ  ကာမအားတိုးဆေးကို မတော်တဆ သုံးလိုက်မိတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်သွားပေမဲ့ ဘုရင်က သူတို့နှစ်ယောက်ကြား စိတ်သဘောထား မတိုက်ဆိုင်အောင် လှုံ့ဆော်ခဲ့တယ်။ မင်းသားက နောက်ပိုင်းမှာ အသက်ပေးသွားခဲ့တဲ့ အရိပ်တပ်သားအပေါ်  ပစ်ပယ်ခဲ့တယ်။ သူ နောင်တရခဲ့တယ်။ ခုခံအားနည်းမှုနဲ့ ကာကွယ်စောင့်ရှောက်ခံရမှု ကင်းမဲ့စွာ သူသေဆုံးခဲ့တယ်.......

   ပြောရမယ်ဆိုရင် ဝတ္ထုကအရေးအသားကောင်းလွန်းတယ်၊ မဟုတ်ရင် Tao Wen အဆုံးထိ ဖတ်ခဲ့မှာ မဟုတ်ဘူး။ ငဖျင်းကောင်က အဖျင်းကောင်ပါပဲ။ ဘာလို့လည်းဆို‌တော့ ကာမအားတိုးဆေးကိစ္စ ပြီးတဲ့နောက်မှာ ကလေးဘဝတည်းက သူ့ကို ကာကွယ်လာခဲ့ပြီး သူ့အတွက်ခြေလက်တွေ စွန့်စားဖို့ အသင့်ရှိနေတဲ့ အရိပ်တပ်သားနဲ့ မေတ္တာမျှနေတယ်ဆိုတာ သူ နားလည်ခဲ့တယ်။ သူ ဒီအချက်ကို လက်မခံနိုင်ဘူး။ ပိုဆိုးတာက သူက ဒီစိတ်ရှည်နာခံတဲ့ အရိပ်တပ်သားက သူ့ခမည်းတော် အရင်ဘုရင်ကို သစ္စာရှိနေတယ်ဆိုပြီး လွဲမှားစွာ တွေးထင်ခဲ့တာပဲ ဖြစ်တယ်။ အရင်ဘုရင်ရဲ့ အိပ်ဆောင်ဖော်က လွန်ခဲ့တဲ့ နှစ်များစွာထဲက သေသွားတာ ဖြစ်တဲ့အတွက်  အထင်လွဲစရာ အများကြီး ရှိနေခဲ့တယ်။ အရိပ်တပ်သားက သူ့အစ်ကိုဖြစ်တဲ့ လက်ရှိဘုရင်ရဲ့လက်အောက်ခံဆိုပြီး အခြားသူတွေရဲ့ စကားနဲ့ အတွေးတွေပေါ်  နားယောင်ခဲ့မိတယ်။ ဒါက သူ လူဖျင်း gong ဖြစ်လာတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ခဲ့တယ်။

မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed]Where stories live. Discover now