"ဟုတ်တယ်လေ ငါ ရိမင် မင်းကငါ့ကိုမှတ်မိသားပဲ"
"မမှတ်မိဘဲနေပါ့မလားကွာ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကြီးကို မင်းဘယ်တုန်းကပြန်ရောက်တာလဲ"
"တစ်လလောက်တော့ရှိပြီကွ ဒါနဲ့မင်းအချိန်ရလား မင်းနဲ့မတွေ့တာအရမ်းကြာနေတော့ပြောစရာစကားတွေကအများကြီးကွာ"
"ဒီနေ့တော့အဆင်မပြေလောက်ဘူး ဒီလိုလုပ်ငါတို့ဖုန်းနံပါတ်တွေယူထားကြမယ်လေ နောက်နေ့ကျမှသေချာချိန်းပြီးတွေ့ကြတာပေါ့"
"အေးပါကွာ ဒါနဲ့မင်းကဒီမှာဘာလုပ်နေတာလဲ"
ရိမင်နဲ့စကားကောင်းနေလိုက်တာခုဏကိစ္စကိုတောင်ခဏမေ့သွားတယ်..ပြန်သတိရလာတော့လည်းအလိုလိုစိတ်ကလေးလာပြန်တယ်။
မျက်နှာအနည်းငယ်ပျက်နေတဲ့ကျွန်တော့်ကိုရိမင်ကရိပ်မိသည်ထင်သည်။
"ယွင်ရှီး မင်းဘာဖြစ်နေတာလဲ စိတ်ညစ်စရာတစ်ခုခုရှိနေတာလား ငါ့ကိုရင်ဖွင့်လို့ရတယ်နော် ငါကူညီလို့ရရင်ကူညီမယ်လေကွာ"
အခုမှပြန်တွေ့ရုံပဲရှိသေးတယ်..ကျွန်တော့်အတွက်အမြဲတွေးပေးပြီးကျွန်တော့်ကိုအမြဲဂရုစိုက်တတ်တဲ့သူငယ်ချင်းကြောင့်ယွင်ရှီးစိတ်လိုလက်ရပြုံးမိသည်။အရင်ကအကြောင်းတွေတောင်သတိရလာသလိုပဲ...။
"နောက်ကြုံတော့မှပေါ့ကွာ "
"ဟုတ်ပါပြီကွာ မင်းပြောချင်တဲ့အချိန်ပြော ငါကနားထောင်ပေးဖို့အသင့်ပဲ ဒါနဲ့မင်းအိမ်ကအရင်အိမ်ပဲလား ငါလိုက်ပို့မယ်လေ"
"ရပါတယ် ငါbusနဲ့ပဲပြန်လိုက်ပါ့မယ် မင်းကိုအားနာစရာကြီး"
"ယွင်ရှီးရာ မင်းကတော့လုပ်ပြီ ဘာအားနာစရာရှိလို့လဲ လာပါကွ မင်းရဲ့သူငယ်ချင်းဘောစိကြီးကကားအကောင်းစားကြီးနဲ့လိုက်ပို့ချင်လို့ပါကွ"
ရိမင်ရဲ့အပြောကြောင့်ကျွန်တော်သဘောတကျရယ်မိသည်။
"မင်းကတော့လေ ကျောင်းတုန်းကအတိုင်းပဲ အကြွားသန်ချက်က ဟ ဟ "
"အဲ့လိုလေးပြုံးနေစမ်းပါကွာ မှိုင်နေတာကမင်းနဲ့မလိုက်ဘူး ကဲ ကားပေါ်တက်"