1

1.1K 89 10
                                    

ကလေးများသာမက လူကြီးလူငယ်များပါ လာကြသည့် Seoul မြို့၏ အထင်ကရ ကစားကွင်းတစ်ခုဖြစ်သည့် Lotte World တွင် ကောင်လေးနှစ်ယောက်အချေအတင်စကားများနေကြသည်။

အော်သံများပိုကျယ်လာသည်ကြောင့် ဘေးမှဖြတ်သွားဖြတ်လာများကပါ လှည့်ကြည့်သွားကြသည်။ရန်ဖြစ်နေသော ကောင်လေးနှစ်ယောက်မှာတော့ ဘေးမှလူများကိုဂရုမစိုက်ကြပါ။

Hoodie အဖြူလေးနှင့် ဂျင်းအပြာနုအရှည်ဘောင်းဘီဝတ်ထားသောကောင်လေးမှာသူရှေ့က ကောင်လေးကို မျက်ခုံးများကျုံ့ကာ ရန်တွေ့နေလေသည်။

အပြာကွက်လက်ရှည်အင်္ကျီနှင့်အမည်းရောင် pant အရှည်ဝတ်ထားသောကောင်လေးမှာလည်း သူရှေ့ကကောင်လေးကို အသံတိုးခိုင်းကာ ပြန်ရှင်းပြနေလေသည်။

" မင်းဘဲ ငါ့ကိုပစ်ပြီး အဲ့ဟာမလေးကို သွားတွေ့နေတာလေ "

" မဟုတ်ပါဘူးကွာ သူက …… "

"  တိတ် !! အပိုတွေ ရှင်းပြမနေနဲ့ "

ရှင်းပြသော်လည်းမရ ။ရန်တွေ့သံများမှာပိုပိုကျယ်လောင်လာကာ Hoodie ဝတ်ထားသောကောင်လေးမှ

" မင်းနဲ့ ငါနဲ့ ပြတ်ပြီ "

" အေးပြတ်ကွာ !! "

တောက်စ် !!!

Hoodie နဲ့ကောင်လေးမှစကားပြောအပြီး ထွက်သွားလေသည်။နေရာတွင် ကျန်ခဲ့သော ကောင်လေး၏ တောက်စ် ခေါက်သံထွက်ပြီးမကြာ ပြန်လှည့်လာကာ သူ့ရှေ့တွင်ရပ်ပြီး လက်ဖြန့်ပြလေသည်။

" ဘာလဲ ! ? "

" ပိုက်ဆံလေ အိမ်ကထွက်လာတုန်းက ပိုက်ဆံမပါဘူး ဒါကြောင့်မင်းဆီင်္ကတောင်းတာ "

" ကျစ် ! မင်းဘဲငါနဲ့ပြတ်ပြီဆိုပြီးပြောတာ 5 မိနစ်တောင်မပြည့်သေးဘူးလေ ဒါကို ပိုက်ဆံလာတောင်းနေရလား "

" မင်းဘဲ ဘာမှမယူခဲ့နဲ့ လူဘဲပါလာရင်ရပြီဆိုလို့ ဘာမှမယူခဲ့ဘူးလေ အရူးရဲ့ … "

အမည်းရောင်အင်္ကျီနှင့်ကောင်လေးမှ ပိုက်ဆံအိတ်ထဲက ဝမ်5သောင်းတန်တစ်ရွက် ထုတ်ကာပေးလိုက်ပြီး

" Taxi စီးသွားနော်  Bus မစီးသွားနဲ့ ကြားလား "

" မင်းအပူမပါဘူး … "

♡ Mʏ Bᴏʏ ♡ ( Z & U ) Shot Story [Completed ]Where stories live. Discover now