" ရပါတယ် ကျဲ ... ဒီနေ့လက်စသတ်ရုံပဲ ... မနက်ဖြန်စောစောလာခဲ့မယ်နော် ... ကိတ်အသစ်တူတူဖုတ်ကြမယ် "

" အဲ့ဒါဆိုလဲ ဟုတ်ပါပြီရှင် ... အယ် ဒါနဲ့ ခဏလေး အားကျန့် "

ပြောပြောဆိုဆိုနဲ့ ကျဲက ဆိုင်နောက်ကို ဝင်သွားပြန်တာကြောင့် ရှောင်းကျန့်လဲ ကျဲပေးလိုက်သည့် ကျဲကိုခေါင်းညိတ်ပြလိုက်ရင်း ဆိုင်ရှေ့မှာ စောင့်နေလိုက်သည်။

" အားကျန့်လေးအတွက် လက်ဆောင် "

" အယ် ~ "

နားရွက်ရှည်ရှည်တွေနှင့် ဖြူစွတ်စွတ် အရုပ်ကလေးကို ကျဲလုယွမ်က ရှောင်းကျန့်ဆီ ကမ်းပေးလာသည်။

" အားကျန့်လေးနဲ့ တူလို့လေ ... အဖော်ရအောင် "

" ဟီးဟီး ချစ်စရာလေး ကျဲ "

" ကောင်းကောင်း စောင့်ရှောက်နော် အားကျန့်လေး "

" ဟုတ်ကဲ့ပါ ကျဲ ... အဲ့တာဆို ပြန်တော့မယ်နော် "

" ဟုတ်ပါပြီ "

ကျဲလုယွမ်က လက်ညှိုးလေးကိုကွေးကာ ရှောင်းကျန့်ရဲ့နှာခေါင်းလေးကို ချစ်စနိုးနဲ့ ပွတ်ဆွဲလိုက်တာကြောင့် ယုန်သွားလေးပေါ်အောင် ရယ်ပြလိုက်သည်။

" တံခါးတွေ သေချာပိတ်နော် ကျဲ ... အိမ်ကို အမြန်ပြေးတော့မယ် ဟီး "

" ဟုတ်ကဲ့ပါရှင် "

တစ်ယောက်တည်းသမားဖြစ်တဲ့ ကျဲက ကော်ဖီဆိုင်လေးရဲ့အပေါ်ထပ်အခန်းမှာပဲ နေတဲ့သူဖြစ်တာကြောင့် စိတ်မချစွာနဲ့ တံခါးသေချာပိတ်ဖို့မှာရင်း အိမ်ပြန်ခဲ့သည်။

ညအချိန်မှာ ပေကျင်းမြို့ကြီးရဲ့ ချောင်ကျကျရပ်ကွက်ကလေးထဲက လမ်းတွေက တိတ်ဆိတ်လွန်းတယ်။

" ကျင်းကော်လေးတော့ ဗိုက်ဆာနေတော့မှာပဲ "

တစ်ယောက်တည်းရေရွတ်ရင်း ယုန်ခြေထောက်ရှည်ရှည်တွေကို ခပ်သွက်သွက်အလုပ်ပေးရင်း မီးအလင်းရောင် မှိန်ဖျော့ဖျော့သာရှိတဲ့ လမ်းကြားလေးကနေ ရှောင်းကျန့်ဖြတ်လာခဲ့တယ်။

ကျဲလုယွမ် ပေးလိုက်သည့် ယုန်ရုပ်လေးကိုပိုက်ရင်း တစ်ဖက်က လွယ်အိတ်ကြိုးလေးကို ကိုင်ထားတဲ့ ယုန်ရှည်လေးရဲ့ အိမ်ပြန်လမ်းက ခပ်သုတ်သုတ်ရယ်။

Just To Be With You [ Completed ]Where stories live. Discover now