When my ex-husband loves me again(2)uni+zaw

5K 452 14
                                    

Zawgyi

ကလေးသေးသေးလေးနှစ်ယောက်လုံးကိုမနိုင်မနင်း
နဲ့ချီထားတဲ့ဆံပင်‌ငွေ‌ရောင်‌လေးနဲ့ပိန်ပိန်ပါးပါးကောင်
လေးထိုကောင်လေးရဲ့ပုခုံးကိုဖတ်ထားလို့ကလေး
နှစ်ယောက်ကိုပြုံးကြည့်နေတဲ့လူတစ်ယောက်ရယ်...

မိမိလက်တွေက ထိုဓာတ်ပုံကားချပ်အား လက်ဖြင့်တို့ထိကာအတွေးထဲနစ်ဝင်နေမိပြန်သည်။

ကလေးတွေအသက်2နှစ်လောက်ကတည်းကကွာရှင်းခဲ့ကြတာ ဖြစ်ပြီး၊
ကွာရှင်းပြီးတဲ့အချိန်ကနေအခုချိန်ထိတစ်ယောက်
နှင့်တစ်ယောက်အပြင်မှာမတွေ့ရသေးသည်မဟုတ်လား...အဲ့ဒါထက်..တွေ့ခဲ့ရင်တောင် လျစ်လျူရှုနေကြတဲ့ အချိန်တွေကပိုများသည်။

သံယောဇဉ်အဆက်လေးဖြစ်တဲ့ကလေးနှစ်ယောက်ထဲကတစ်ယောက်ကိုတောင်းရ
အောင်လဲမိမိဘက်ကအရင်မှားခဲ့သူ
ဖြစ်တဲ့အတွက်မျက်နှာပြောင်တိုက်တဲ့လုပ်ရပ်မျိုးကို
မလုပ်ရဲခဲ့ပါ။

ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးပြန်လိုချင်လားမေး
ရင်ဟင့်အင်းလို့ငြင်းမိမည်၊
သို့ပေမဲ့ကိုယ်ထားရစ်ခဲ့တဲ့အသိုက်အမြုံလေးကို
တစ်စုံတစ်ယောက်ကဦးယူသွားမှာကိုလည်းမလိုလားခဲ့မိတာတော့အမှန်....

ဒီအစိုးမရတဲ့စိတ်အစုံကရှောင်ကျန့်ကိုတော်တော်ဒုက္ခပေးလွန်းသည်။

"မောင်..."

"လီမေ့"

Aနိုင်ငံရဲ့အဖိုးတန်မင်းသမီးတစ်လက်ဖြစ်တဲ့ရင်းလီမေအခုလက်ရှိရှောင်ကျန့် လူသိရှင်ကြားတွဲနေတဲ့ တစ်ယောက်တည်းသောသူ
သူမကရိပေါ်နဲ့ရှောင်ကျန့်ရဲ့အတိတ်ကိုသိသလို၊ကလေးနှစ်ယောက်အ‌ကြောင်းကိုသိတဲ့သုံး
ယောက်မြောက်ရှောင်ကျန့်အယုံရဆုံးသူဖြစ်တယ်။

ဓာတ်ပုံအား အံဆွဲ ထဲထည့်ပြီးသည်နှင့်အရှေ့မှ ရင်းလီမေ့ကိုပြုံးပြမိသည်။

Dressအကျပ်လေးဝတ်ထားတဲ့သူမကရှောင်ကျန့်
ပေါင်‌ပေါ်ကိုရဲတင်းစွာနဲ့လာထိုင်ပြီး၊‌ရှောင်ကျန့်ဝတ်ဆင်ထားသောnecktieအား သူမလက်ချောင်းများဖြင့်တိုးလိုက်ရှုံ့လိုက်ဖြင့် ဆော့ကစားနေသည်။

When My Ex-husband loves me againWhere stories live. Discover now