CHAPTER - [ 2 ]

11.5K 1K 31
                                    

Zawgyi

-2- ( ပြင်ဆင်ပြီး )

နှလုံးသားထဲကို ဓားစိုက်ခံရတာ ဘယ်လောက်တောင် နာကျင်ရသလဲ။ခေါင်းတွေက မခံနိုင်လောက်အောင် မူးဝေလာပြီး
သတိစိတ်တွေကို ထိန်းချုပ်လို့မရတော့။

ပြန့်လွင့်နေသာ စိတ်အစုံကို စုစည်းလို့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။အရမ်းကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေတဲ့ ပွဲတော်တစ်ခု။

ရင်းနှီးနေတဲ့ မြင်ကွင်းကြောင့် ထပ်မံအာရုံစိုက်လို့ ထပ်ကြည့်လိုက်သည်။မြင်ဖူး သိဖူးသော လူအများ။ထိပ်ဆုံးမှာ ထိုင်ကာ
သေရည်ခွက်နဲ့ကောင်းချီးပေးနေသော ဘုရင်မြင့်မြတ်။တစ်နည်း သူ့ ရဲ့ဖခမည်းတော်။

ဖခမည်းတော်ရဲ့ ဘယ်ဘက်မှာ အပြုံးကို အတုလုပ်ကာ ရက်ရောစွာ ပြုံးနေသည့် ဖခမည်းတော်ရဲ့ မိဖုရားခေါင်ကြီး။
အကိုတော် ဝမ်ဟန် တစ်နည်း ရှောင်းရှောင်းချစ်သူရဲ့ မိခင်။

အံကို ကြိတ်လို့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်သည်။
သူ တကယ်ကို ပြန်လည်မွေးဖွားလာခဲ့တာ။အတိတ်ဘဝကတည်းက ဒီလို ပြန်လည်မွေးဖွားခြင်းတွေကို ယုံကြည်တဲ့သူက အခုလိုအခြေအနေကို ချက်ချက်ရိပ်မိတာ သိပ်တော့မဆန်း…။

ကောင်းကင်က သူ့ အား အမှားတွေကို ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့ အခွင့်အရေးပေးတာ ကျိန်းသေပေါက် ဖြစ်မည်။

မှတ်ဥာဏ်ထဲက အတိုင်းဆိုရင် ဒါက သူ့ အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အတွက် ပွဲတော်ခင်းနေတာ။ဒါဆို မနက်ဖြန် သူ တောကစားထွက်ရလိမ့်မယ်။

"သားတော်…ရိပေါ်"

ဖခမည်းတော်က ခပ်သေးသေးလေးပြုံးကာ သူ့ ကို လက်ယပ်ခေါ်သည်။သားတော်တွေထဲမှာမှ သူဟာ ခမည်းတော်ရဲ့ အချစ်ဆုံး မိဖုရားက ဖွားတဲ့သူဖြစ်တာကြောင့် အခြားမင်းသားဆွေထက် ချစ်ခင်ခြင်း ခံရသည်။

သူ့ ကို အရမ်းချစ်တဲ့ ခမည်းတော်ကို အရင်ဘဝက အချစ်ရူးဖြစ်နေတာကြောင့် ဆုံးရှုံးခဲ့ရသည်။ပြန်ရှင်သန်လာတဲ့ အခုဘဝမှာတော့ ခမည်းတော်ကို ဆုံးရှုံးခံမည်လည်း မဟုတ်သလို အချစ်ရူးလည်း လုပ်နေမှာ မဟုတ်ပေ။

After Agonising ,Will You Love Again? [ Completed ]Där berättelser lever. Upptäck nu