အခန်း - ၁၃၂ ( လူဖမ်းခြင်း)

Start from the beginning
                                    

တိုင်းပြည်ရဲ့ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ထားရရုံတင်မဟုတ်ဘူး၊ အစားအသောက်ပမာဏအများကြီးကိုလည်း ထမ်းဆောင်ထားနိုင်ရှာတယ်။

*****

ဆွေးနွေးညှိနှိုင်းမှုအပြီး ချမှတ်လိုက်သောအစီအစဥ်အရ ဝူစန်းလေနှင့် ရှန်ချန်းဖုန်းက ပိုင်ရှန့်ပြည်ထဲ ကောလာဟလဖြစ်အောင် ဆူပူသောင်းကျန်းမှုများ သွားရောက်ဖန်တီးမည်။ သွမ့်ပိုင်ယွဲ့နှင့်ကျောက်ယွဲ့ကမူ ထိုဆူပူမှုကြား ပိုင်ရှန့်ပြည်ခေါင်းဆောင်အတုကို သွားရောက်ဖမ်းဆီးလာမည်။ လေးယောက်အနက်သုံးယောက်မှာ ထိပ်တန်းသိုင်းပညာရှင်များဖြစ်ကြလေရာ ထွက်လာမည့်အကျိုးရလဒ္အတွက် စိုးရိမ်စရာသိပ်မရှိတော့ပါ။

ဝမ်းလျိုနျဲန်ဘက်ကလည်း အရင်တုန်းကမှတ်တမ်းမှတ်ရာများကို အမှီသဟဲပြုကာ လေလှိုင်းများ၏ဦးတည်ရာကို တွက်ချက်ပြီး အစီအစဥ္စတင်လုပ်ဆောင်ရမည့်အချိန်ကို တွက်ချက်ပေး၏။ အဘိုးအိုမုချီနှင့် ယောင်အာဘက်ကလည်း စစ်တိုက်ရာတွင် အသာစီးရစေရန် စက်ယန္တရားများကို နေ့မအားညမအား အမြန်တည်ဆောက်ဖန်တီးနေကြ၏။ အရာရာတိုင်းကို အဆင်သင့်ပြင်ဆင်ထားကြပြီးဖြစ်ကာ နောက်ဆုံးစစ်ပွဲကိုသာ စောင့်မျှော်နေကြသည်။

****

ယနေ့တွင် ရာသီဥတုကြည်လင်လှသည်၊ ချူယွမ်က သင်္ဘော၏မျှော်စင်ပေါ် တစ်ကိုယ်တော်တည်းရပ်နေကာ အဝေးသို့လှမ်းမျှော်ကြည့်နေ၏။ ခဏကြာတော့ အနောက်ဘက်မှခြေသံများ ကြားလိုက်ရသည်။

"ဒကာတော်မင်းမြတ်ကို ဂါရဝပြုပါတယ်"

မြောင့်ရှင်းက လက်ဆယ်ဖြာကို ယှက်နွယ်ပြီး နှုတ်ခွန်းဆက်သလာ၏။

"မလိုပါဘူး၊ အရှင်ဘုရား။ ကိုယ်တော်မြတ်ဆီကြွလာတာ ဘာအကြောင်းရှိလို့ပါလဲ"

"ဒီရက်ပိုင်း ဒကာတော်မင်းမြတ်ရဲ့ မျက်နှာတော်က သိပ်မကြည်လင်ဘူး။ အရင်တုန်းကလို ညအချိန်ကျ အိပ်စက်ရတာ အခက်အခဲရှိနေတုန်းလားဘုရား"

ချူယွမ် ခေါင်းခါပြလိုက်သည်။

"ညအချိန် အိပ်မပျော်တာက စစ်ပွဲကြောင့်မို့လို့ပါ၊ အိပ်မက်ဆိုးကြောင့်မဟုတ်ပါဘူး။ ဒီတစ်ခေါက် အရှင်ဘုရား တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်ပေးရင်တောင် အကျိုးသက်ရောက်မှုမရှိတော့မှာ စိုးရွံ့မိပါတယ်"

ဧကရာဇ်ဗျူဟာWhere stories live. Discover now