ပိတောက်ပွင့်များအား နှစ်သက်ခုံမင်လှသော်လည်း မခူးရက်ပေ။ မိမိနှစ်သက်ခုံမင်လှသည့် ပန်းလေးများ မခူးရက် မချိုးရက်သည့်စိတ်မှာ ပန်းပွင့်များ ဖန်ဆင်းပေးသူ ဥယျာဉ်မှူးတိုင်းမှာ ရှိေပလိမ့်မည်။
"ဟဲ့ ကောင်လေး ဘာလုပ်နေတာလဲ ငိုင်ငိုင်ကြီး ထိုင်မနေနဲ့ မြန်မြန်ခူးခဲ့ တော်ကြာ ခါချဉ်ကိုက်နေဦးမယ်"
ပြောပြီး အိမ်ထဲဝင်သွားသည့် မေမေ့အား"ဟုတ်ကဲ့ မေမေ"ဟု အော်ပြောကာ ပိတောက်ပန်းကလေးများကို ချစ်မြတ်နိုးသောကြောင့် မခူးရက်သော စိတ်သည်လည်း မေမေအော်သံကို မတွန်းလှန်နိုင်ေတာ့။
ပိတောက်ပန်းခိုင်များအား တယုတယ ခူးရေလသည်။
ခါချဉ်နီကောင်များ တစ်ကောင်စ၊ နှစ်ကောင်စတွေ့သည်။ ခါချဉ်နီကောင် ကိုက်မှာတော့ မကြောက်ရပါ။ ဟိုကောင် နောင်ရိုးသင်ပေးထားသည့် "ငါ့ကိုက် ဗိုက်ကြီးမ"ဟု ပါးစပ်က ပြောလိုက်ရုံသာ။ ဘာရယ်ကြောင့်တော့မသိ။ ခါချဉ်နီကောင်တွေ ဗိုက်ကြီးမှာ ကြောက်ကြ၍လား မသိ။ မကိုက်ကြပေ။ လာကိုက်ရင် သတ်လို့ဖိချေ၍ သတ်လို့မရပေ။ အခါကြီးရက်ကြီးတွင် သူတစ်ပါးအသက်မသတ်ရဘူးဟု မေမေက ရံဖန်ရံခါပြောတတ်ထားသည်။
ထိန်လင်းအောင် ပိတောက်ပန်းများ တပွေ့တပိုက်ကြီးအား အလျင်အမြန် ခူး၍ သစ်ပင်ပေါ်မှဆင်းလာခဲ့လိုက်သည်။ပြီးနောက် ပိတောက်ပန်းများအား ပွေ့ပိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။
"ဟဲ့ အများကြီးပါလား တခြားသူတွေ ခူးဖို့ရော ရှိသေးရဲ့လား"
"ရှိပါတယ် မေမေရ သားကဖြင့် တစ်ကိုင်းတည်းပဲ ခူးခဲ့တာပါ "
"ဒါက ဘုရားပန်းတင်ဖို့၊ ဒါက မေမေပန်ဖို့"ဟုဆိုကာ ပိတောက်ပန်းတပွေ့တပိုက်အား ပေးလိုက်သည်။ ထို့နောက် အိမ်ထဲမဝင်ခင်ကပင် အိမ်ခေါင်ရင်းရှိ ရေတွင်း(လက်နှိပ်တွင်း)ဘောင်ပေါ်တွင် တင်ထားခဲ့သော ပိတောက်ပန်းများအား ပွေ့ပိုက်ရင်း ရွာမြောက်ပိုင်းသို့ ထွက်လာခဲ့ေလသည်။
"နောင်ရိုး...နောင်ရိုး.."
နောင်ရိုးတို့ အိမ်ရှေ့ရောက်သည်နှင့် နောင်ရိုးအား အော်ခေါ်ကြည့်သည်။ပြန်ထူးသံမကြားရ။ အသံပင် တိတ်ဆိတ်နေသည်။ ထပ်ခေါ်ရပြန်သည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-24(U+Z)
Start from the beginning