Chapter-23(U+Z)

Começar do início
                                    

"မေမေကလည်း ကိုကိုက ဒီလောက်ချေနေတာကိုး"
ဖြူနှင်းဖွေး အပြောကို နောင်ရိုးသစ် သဘောကျစွာ ပြုံးမိပါသည်။

"ညည်းအစ်ကို ပြင်နေလိုက်တာက အကြာကြီး။ ကောင်လေးနော် လူပျိုလုပ်ချင်နေပြီလား.."

"ဟာ မဟုတ်ပါဘူး အမေရာ"

အမေ၏ စစနောက်နောက်ဖြင့် ပြောလိုက်သည့် စကားကြောင့် နောင်ရိုးသစ် စိတ်တွင်ရှိန်းတိန်းတိန်းဖြစ်ကာ နားရွက်ကလေးများ ပူလာသယောင်ထင်ရသည်။

"ခင်ကလည်းကွာ သားကို မစ ပါနဲ့ ဟိုမှာသားကိုကြည့်ဦး မျက်နှာကြီးနီရဲနေပြီ..."

ဦးလေး ပြောစကားကြောင့် ယောင်ယမ်းကာပင် မျက်နှာကလေးအားစမ်းလိုက်မိလေသည်။

ခက်ပါရောဗျာ။
အချိန်လေးကြာမိတာနဲ့ အမေနဲ့ဦးလေးမျက်လုံးထဲ ကိုယ်ကလူပျိုဖြန်းဖြစ်ရပြီ။

"ကဲ သွားကြရအောင်ဟေ့"

နောင်ရိုးသစ် အိမ်တံခါးများအား သော့ခတ်ကာ အနောက်မှလိုက်လာခဲ့‌ေလသည်။အမေ၊ဦးလေးနှင့် ညီမလေးကတော့ အရှေ့မှ သွားနှင့်လေပြီ။ အိမ်တံခါးလေးအား သော့ခတ်ပြီးသည်နှင့် နောင်ရိုးသစ် အိမ်ခြံဝန်းထဲမှ ထွက်လာခဲ့သည်။

"ကိုကြီးနောင်ရိုးကို ရေပက်မယ် ကိုကြီးနောင်ရိုးကို ရေပက်ကြမယ်ဟေ့"

ရွာအလယ်လမ်းမ ပေါ်မှ ကလေးတစ်သိုက်သည် နောင်ရိုးသစ်ကို မြင်သည်နှင့် ရေပက်ဖို့ တာဆော်နေကြသည်။

ရေပက်ရန် ပြေးလာကြသော ကလေးတစ်သိုက်အား တားရန်ပြင်ရလေသည်။

"ဟေ့ ဟေ့ မပက်ရဘူးလေကွာ ငါက ဥပုသ်စောင့်သွားမှာ မင်းတို့ရေပက်လိုက်လို့ ရေတွေစိုသွားရင် ဘုန်းကြီးကျောင်းသွားရမှာ မဟုတ်ဘူး ဒါဆို မင်းတို့ကောင်တွေ ငရဲကြီးမှာပေါ့ကွ"

ရေပက်ရန်ကိုပင် အားစိုက်နေကြသော ကလေးတစ်သိုက်အား နောင်ရိုးသစ် နားဝင်အောင်ဖျောင်းဖျရလေသည်။
နောင်ရိုးစကားကြောင့် အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဂျစ်တူးတစ်ယောက် စဉ်းစားဟန်ပြုပြီးမှ

"ကိုကြီးနောင်ရိုးကလည်းဗျာ သင်္ကြန်ပါဆို ရေပက်တဲ့သူက ငရဲကြီးသေးလားဗျ အတာသင်္ကြန်ဆိုတာ ရေပက်ဖျန်းတဲ့လပဲတဲ့ ဗိုက်ကြီးမကလွဲပြီး ဘယ်သူ့ကို ပက်ပက် ငရဲမကြီးဘူးတဲ့.."

ခွင့် (Unicode+Zawgyi)Onde as histórias ganham vida. Descobre agora