🍲 Chicken noodle soup 🍲(2)

Start from the beginning
                                    

"ဂျွန် ! ဂျောင် ! ကု !!! မခေါ်ဘူး သွား လိုက်မလာနဲ့"

" အဲ စတာပါ ပိစိလေးကလဲ "
------------------------------------------------

"ဂျောင်ကု ဟိုဟာလေးထည့်... ဒီယိုဘူးလေးရော အမ်းးး အာာ! စတော်ဘယ်ရီ ထည့်ထည့် များများထည့်နော် ပြီးတော့... "

ခုနကစိတ်ကောက်နေတာသူမဟုတ်သည့်အတိုင်း ဂျောင်ကုဟိုဟာထည့် ဒီဟာထည့်နဲ့အမိန့်ပေးနေပြန်သည် ဂျောင်ကုခမျာ တွန်းလှည်းကြီးတွန်းပြီး ထိုအကောင်ပေါက်ထည့်ခိုင်းတာမှန်သမျှအကုန်ထည့်ရသည်... တော်သေးတာပေါ့ ပိုက်ဆံတွေကသုံးမယ့်သူမရှိပဲစုမိစောင်းမိနေလို့ မဟုတ်ရင်တော့ တစ်ရက်ထဲနဲ့စည်းစိမ်ပြုတ်မယ့်ကိန်း.... market ထဲမှာလူရှင်းနေတာကြောင့်ဈေးဝယ်ရတာတော့အဆင်ပြေသည်... လူသားအသွင်ပြောင်းလို့ရပါသော်လဲ ထိုအကောင်ပေါက်ကိုဘယ်သူမှမမြင်စေချင်လို့ ကိုယ်ယောင်ဖျောက်ခိုင်းထားရသည်... သူကိုင်တိုင်လဲမမြင်ရပဲ အသံတိုးတိုးသာကြားနေရသည်...

သူ့စိတ်ကြိုက်ဈေးဝယ်လို့လဲပြီးရော မနိုင်မနင်းပစ္စည်းတွေက်ုတစ်ယောက်ထဲသယ်ရပြန်တာက ဂျောင်ကု.. ဒါပေမယ့်လဲ မျက်နှာတစ်ချက်လေးမှမပျက်ပါ... ညစာအတွက်ကြိုတွေးကာပြုံးပျော်လို့တောင်နေသေး ...

" ဟင်!! ဂျောင်ကု ဂျောင်ကု မြန်မြန်မောင်း မြန်မြန်မောင်း "

" ဟမ် ဘာဖြစ်လို့လဲ ထယ်ရဲ့ "

ပြုံးရွှင်နေရင်းကနေရုတ်တရပ်အလန့်တကြားမြန်မြန်မောင်းခိုင်းသောထယ်ကြောင့် ကားကိုအရှိန်တင်လိုက်ရင်း မေးလိုက်တော့ အနောက်ကိုသာလှည့်ကြည့်နေတဲ့ကောင်လေး..

" မောင်းမှာသာမြန်မြန်မောင်းပါ အဟင့် "

ငိုသံလေးပါစွက်လာတာကြောင့် ဂျောင်ကုလဲ ဆက်မမေးတော့ပဲ အိမ်ရောက်အောင်သာမြန်မြန်မောင်းလိုက်သည်...

အိမ်ရောက်တော့ လိုက်လာခဲ့တော့ လို့ပြောပြီး လှစ်ကနဲပျောက်သွားတဲ့ထယ်ကြောင့်ရင်ထဲမှာဟာတာတာ... သက်ပြင်းဖွဖွသာချပြီး ကြောက်နေတဲ့ကလေးလေးဆီကိုအမြန်ပြေးသွားမိတော့ စောင်ပုံလေးပုန်းနေတဲ့ပေါက်စ

Side Effect Of Vkook 🔞{One Short Collection}Where stories live. Discover now