Flash back....
Jk - appa သားဒီနေ့ ပြန်လာမှာပါဆို စိတ်ချ လာနေပြီ အခုလမ်းမှာ ဟုတ်ပြီလား
Seoul နဲ့ နယ်မြို့လေးနဲ့က သုံးနာရီလောက် ကားမောင်းရပြီး လမ်းတော်တော့များများက တောင်ကုန်း တောင်ပတ်လမ်းများဖြစ်ပြီး တောလမ်းတွေလည်း များပြားလွန်းသည်
တစ်လတစ်ခါ seoul ကိုသွားပြီး သူငယ်ချင်းများနှင့်ဆုံကာ ဆေးရုံအတွက် လိုအပ်တာများကို သွားဝယ်တဲ့ Jk တစ်ယောက် နယ်မြို့လေးသိုြ အပြန်လမ်း ညနေနေဝင်ချိန်တွင် ကားလေးမောင်းလျက်Jk ကားမောင်းနေရင်း မှောင်ရီစပြုလာတာကြောင့် ရှေ့မီးလေးထိုးကာ သီချင်းတညီးညီးနဲ့ ဆက်မောင်းလာခဲ့သည် လမ်းတစ်နေရာ အရောက်တွင်
လူတစ်ယောက် ယိုင်တိုင်တိုင်နဲ့ လျောက်နေတာမြင်တော့Jk - ဟိုးအရှေ့က လူလား ...သရဲလား... ဒီအချိန်ကြီး....ဒီလိုနေရာမှာ လမ်းလျောက်နေတာဆိုတော့.... လူမှ ဟုတ်ရဲ့လား မသိဘူး...အမလေး ကြက်သီးတောင်ထတယ်....
Jk အတွေးတစစဖြင့် ကားလေးကို အရှိန်တင်ရင်းပါးစပ်မှလည်း ရရာဘုရားစာရွတ်ကာ အမြန်ဖြတ်မောင်းဖို့ ပြင်တော့သည်
ဒါပေမယ့် Jk ထိုလူနားမရောက်ခင်မှာတင် လဲကျသွားသောကြောင့်Jk - ဟင်..... သရဲမဟုတ်ပဲ လူများလား.....
Jk ကားကို မြန်မြန်မောင်းကာ လဲကျနေသော လူအနားရပ်လိုက်ပြီး ဆင်းကြည့်တော့ ဒဏ်ရာဒဏ်ချက်များနဲ့ လူတစ်ယောက် ခေါင်းတွင်လည်း သွေးများထွက်လျက် လက်နဲ့ မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာများနှင့်
Jk ထိုလူအား ပွေ့ထူကာJk - ဟေ့လူ.... ဟေ့လူ.... ကြားလား ကျနော့ ခေါ်နေတာ
Jk လှုပ်နှိုးပြီးခေါ်တော့ မျက်ဝန်းလေးက ပွင့်လာကာ
ကိုကို......
ကိုကိုဆိုတဲ့ တစ်ခွန်းသာ ခွန်းတုံ့ပြန်ပြီး မေ့မျောသွားတဲ့ ထိုလူ jk လည်း မတတ်နိုင်တဲ့အဆုံး သူ့ဆေးရုံလေးကိုသာ ခေါ်လာခဲ့တော့သည်
အခုရောက်နေတဲ့ နေရာက မြို့ပေါ်က ဆေးရုံထက်စာရင် နယ်ကဆေးရုံလေး Hope က ပိုနီူနေပြီဖြစ်လို့ ကားပေါ်ပွေ့ချီကာ ခေါ်လာခဲ့တော့သည်