Lu က Choco,Chen က Taro မှာပြီး အအေးရောက်အလာကို စောင့်နေကြသည်
Chen: နင့်ကို လိုက်ကျွေးချင်တာ ကြာပြီ.. ဒီနေ့မှ ကြုံတာ....
Lu: ဘာလို့?
Chen: Xiu နဲ့ ငါ့ကို အဆင်ပြေအောင်လုပ်ပေးလို့...
Lu: ရပါတယ်ဟာ နင်ကလည်း သူငယ်ချင်းတွေပဲကို...
Chen: အင်း ရှဲရှဲ... Hee..
Lu: Ha Ha....Xiu နဲ့ ဘယ်လိုလဲ? အဆင်ပြေတယ်မလား?
Chen: အင်း ပြေပါတယ်.... မနေ့ညက 1:00 AM အထိ ဖုန်းပြောတယ်လေ...
Lu: ဘာ!!?? 1:00 AM????နင်တို့တွေ ဘာတွေပြောနေကြလဲမသိဘူး.... ပြောလည်းပြောနိုင်ကြပါတယ်....
Chen: ဒီလိုပဲပေါ့ ဟိုအကြောင်း ဒီအကြောင်းပေါ့...
Lu: ဪ...,ရှင်းသွားတာပဲ...
Lu,Chen: Ha Ha Ha.......
Lu နဲ့ Chen ရယ်မော နေကြတာကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ Shop ထဲမှာ ရှိနေကြတာကို Lu ရော Chen ရော သတိမထားမိပါဘူး........
**************************
Naxt Day, At sch,
Baek: Yeol!
Yeol: Wae Baek?
Baek: အပြင်ထွက်ခဲ့...
အပြင်ရောက်တော့....
Yeol: ဘာပြောမလို့လဲ?
Baek: ရော့ ဒါ Hun ကို ပေးလိုက်....
Yeol: ဘာကြီးလဲ?
Baek: ပေးမှာသာပေးလိုက် Lulu ပေးခိုင်းတာလို့...
Baek အတန်းထဲ ပြန်ဝင်သွားသည်..
Yeol ဖွင့်ကြည့်လိုက်တော့....
Yeol: ဒါ....ဒါတွေက.......
Yeol မျက်နှာမကောင်းစွာဖြင့် အတန်းထဲသို့ ၀င်လာသည်...
Kris: ဟေ့ကောင် Yeol! မင်း ဘာဖြစ်လာတာလဲ?
Yeol ဘာမှ မပြော Hun ကို အိတ်ပေးလိုက်သည်....
Hun: ဘာလဲ?
Yeol: Lulu ပေးခိုင်းတာတဲ့ ..
အားလုံးမျက်နှာမှာ အံ့သြမှုတွေပြည့်သွားသည်....
Hun Yeol လက်ထဲက အိတ်ကို ယူပြီးဖွင့်ကြည့်လိုက်သည်....
Hun မျက်နှာမှာ ၀မ်းနည်းရိပ်တွေပေါ်လာသည်.... အိတ်ကို ဘေးနားထားလိုက်ပြီး မျက်နှာပေါ် လက်နှစ်ဖက်အုပ်လိုက်သည်..... ယောက်ျားတန်မဲ့ သူမျက်ရည်မကျချင်ပါ.....
Lu ရယ်...Oppa ကို ဒီလောက်တောင်မုန်းသွားပြီလား?
********************
Hun အိမ်ပြန်ရောက်တော့ ကုတင်ပေါ်ပစ်လှဲလိုက်တယ်... သူ ခံနိုင်ရည်မရှိတော့ဘူး.... အခုတလော Lu ဆီက သူစိမ်းဆန်တဲ့ မျက်လုံတွေကိုပဲ ရင်ဆိုင်နေရတယ်.... Lu ပြန်ပေးတဲ့ Pencil case လေးက Keychain လေးကို ဖြုတ်လိုက်ပြီး အံဆွဲထဲက Keychain လေးတစ်ခုကို ယူလိုက်တယ်....
ကြိုးကြာလေးနှစ်ကောင်က ဘေးချင်းကပ်လျက် ......
Hun နားထဲ စကား တစ်ချို့ ပြန်မြင်ယောင်လာတယ်...
ဒီ ကြိုးကြာလေးနှစ်ကောင်က အမြဲမခွဲဘဲ အတူရှိနေမှာ.... Oppa နဲ့ Saeng လိုပေါ့........
Hun မျက်ရည်တစ်စက် ပါးပြင်ပေါ်ကျလာသည်....
Lu ရယ်.... Oppa ကို ခွင့်လွှတ်ပါ... Oppa မှာလည်း အခက်အခဲရှိပါတယ်.... Oppa လေ Lu ကို မညာခဲ့ပါဘူး..... Oppa..Oppa..... အခုလို လုပ်နေရတာတွေက Oppa မှာ အခက်အခဲရှိလို့ပါ....
Lu ရယ်.....
Hun ဖုန်းလေးပေါ်မှာ message တစ်စောင်ရိုက်လိုက်တယ်... Send ခလုတ်နှိပ်ခါနီိးမှာပြန်ဖျက်လိုက်တယ်.......ှ
နေ့တိုင်း ဒီလိုပါပဲ.... Lu ဆီ message ပို့ဖို့ ရိုက်လိုက် ပြန်ဖျက်လိုက်နဲ့ပဲ အခါထောင်ပေါင်းများစွာ ဖြစ်နေရတာပါ....
Lu Oppa ကို ခွင့်လွှတ်ပါကွာ...........
To be continue...........................
ဒီ epi ကစပြီး Hun ဘက်ကရော Lu ဘက်ကပါ ရေးပါ့မယ်... Hun ရဲ့ reason လေးကိုလည်း စိတ်ရှည်သည်းခံစွာဖြင့်စောင့်ဆိုင်းပေးကြပါ..
ဪ... အနော် Baekyeol တစ်ပုဒ်လည်း ရေးထားပါတယ်လို့... ဖတ်ရှုပေးသူများကို ကျေးဇူးတင်လျက်ပါ.........
