Ep-9

1.8K 164 5
                                        

ဒီနေ့ Lulu တို့ကျောင်းပိတ်တယ်....အားတုန်းလေး အခန်းရှင်းမယ်လို့ တွေးပြီး Lu စာကြည့်စားပွဲလေးကို အရင်ရှင်းလိုက်တယ်... အပေါ်မှာ စာအုပ်တွေကို စီပြီးတော့ အံဆွဲရှင်းမယ်လို့ ဖွင့်လိုက်တဲ့အချိန်မှာ Lu လက်တွေရပ်တန့်သွားတယ်....

နည်းနည်းကြာမှ Lu ပစ္စည်းလေးသုံးခုကို ထုတ်လိုက်တယ်..... စာအုပ်လေးတစ်အုပ် Pencil case လေး တစ်ခု Mini Planner လေးတစ်ခု

Lu ပစ္စည်းလေးတွေကိုင်ကာ ကုတင်ပေါ်မှာ ထိုင်လိုက်တယ်... lu တစ်ခုချင်းစီကို သေချာကြည့်မိတယ်...

စာအုပ်လေးပေါ်မှာ ရေးထားတဲ့ စာသားလေး
'I wanna see u smile cause seeing u smiling makes me happy'

ဒါ Hun Lu ကို ၀ယ်ပေးခဲ့တာပါ............

Lu Pencil case လေးကို ကိုင်လိုက်တယ်... ဘေးမှာ အနီရောင်ကြိုးကြာလေးပါတဲ့ Keychain လေးနဲ့....

Pencil case လေးကတော့ Hun Luကို သူနဲ့ ဆင်တူဆိုပြီး ၀ယ်ပေးခဲ့တာပါ... Keychain လေးကတော့ Lu Hun နဲ့ ဆင်တူပြန်ဝယ်ခဲ့တာ... Hun ဆီမှာက အပြာရောင်ကြိုးကြာလေး....

သူ့ဆီမှာ ရှိတောင်ရှိပါဦးမလား?

Lu တွေးပြီး Mini Planner လေးကို ကိုင်လိုက်တယ်..

Mini Planner လေး အဖုံးမှာ 'Happy Valentine'

ဆိုပြီး ၀က်ဝံရုပ်လေးတွေနဲ့ .........

Lu ပစ္စည်းလေးတွေ ကိုင်ထားရင်း ငိုင်နေမိတယ်.... Lu ဒီပစ္စည်းတွေကို ယူမထားသင့်တော့ဘူး.. Lu ပြန်ပေးသင့်ပြီ....

Lu ဆုံးဖြတ်လိုက်ပြီး ဘေးနားမှာရှိတဲ့ အိတ်လေးထဲ ပစ္စည်းလေးတွေ ထည့်လိုက်တယ်... ဖုန်းကို ယူလိုက်ပြီး အောက်ကို ဆင်းခဲ့တယ်...

Lu: Omma... သမီး Baek တို့ အိမ်သွားလိုက်ဦးမယ်....

Lu's mom: စောစောပြန်လာနော်..

Lu: Nae..

*********************

တင် တောင်..............တင် တောင်....

Baek: Lu?????

Lu: Anneyeong!!

Baek's mom: သမီး Lulu လား? ၀င်ခဲ့လေ...

Lu: Nae...

Baek's mom: ဘာကိစ္စရှိလို့လဲ သမီး?

Lu: Baek ဆီက စာအုပ်ငှားထားတာလေးတွေ ပြန်ပေးမလို့ပါ.. ပြီးတော့ အန်တီ့ကိုလည်း မတွေ့ရတာ ကြာလို့... အန်တီနေကောင်းတယ်နော်.

A Love from My HeartWhere stories live. Discover now