Baek: စာအုပ်? ငါ နင့်ကိုလည်း ဘာစာအုပ်မှ...

Lu Baek ကို မျက်လုံး မှိတ်ပြလိုက်တယ်.... Baek လည်း သဘောပေါက်ပြီး ပါးစပ်ပိတ်သွားတယ်..

Baek's mom: အေး အေး နေကောင်းပါတယ် သမီး သမီး Omma ရော?

Lu: ဟုတ် နေကောင်းပါတယ်...

Baek: Omma... သမီးတို့ အပေါ်တက်တော့မယ်...

Baek's mom: အေး အေး...

Baek အခန်းထဲရောက်တော့

Baek: ကဲ ပြော ဘာကိစ္စလဲ?

Lu: ရော့ ဒါလေး Yeol ကို ပေးပေး...

Baek: ဘာတွေလဲ?

Baek ဖွင့်ကြည့်လိုက်တယ်...

Baek: Lu? ဒါတွေက.... ? နင်ပြန်ပေးတော့မလို့လား?

Lu ခေါင်းငြိမ့်ပြလိုက်တယ်....

Lu: Yeol ကို ပြန်ပေးခိုင်းလိုက်နော်....

Baek: အေးပါဟာ.... နင် ခံနိုင်ပြီလား?

Lu: အခုချက်ချင်းတော့ ဘယ်ရဦးမလဲဟာ.... အချိန်တော့ လိုတာပေါ့......

Baek: အင်း မေ့လိုက်ပါတော့ဟာ... အဲ့ဒါအကောင်းဆုံးပဲ...

Lu ပြုံးပြီး ခေါင်းငြိမ့်လိုက်တယ်....

Lu: ငါပြန်တော့မယ်...

Baek: နင်ကလည်း အခုမှရောက်တာကို...

Lu: Omma ငါ့ကို စောစောပြန်လာခိုင်းလို့ပါဟာ... သွားတော့မယ်...

Baek: အင်း အင်း ငါ အန်တီ့ကို မေးတယ်လို့လဲ ပြောပေးနော်...

Lu: အင်း Bye...

Baek: Bye..

Lu နားကြပ်လေးတပ်ပြီး အေုးဆေးလမ်းလျှောက်နေသည်...

ရုတ်တရက် အနောက်ကနေ တစ်ယောက်ယောက် ပခုံးကို လာပုတ်လို့ Lu လှည့်ကြည့်လိုက်တယ်...

Lu: Chen?? နင် ဘယ်လိုလုပ်ဒီရောက်နေတာလဲ?

Chen: ငါ့ Omma ခိုင်းထားတာသွားလုပ်တာ.. Lu နင်ရော?

Lu: ငါ Baek အိမ်က ပြန်လာတာ..

Chen: နင် အချိန်ရလား? တစ်ခုခု သွားသောက်ရအောင်...

Lu: ကောင်းသားပဲ....

နှစ်ယောက်သား Bubble Tea Shop သို့ ဦးတည်လိုက်သည်....

A Love from My HeartWhere stories live. Discover now