'ဒီလောက် sofa အကျယ်ကြီးကို..'

"ကိုထက် ကလဲ
ကိုထက် မသိပေမဲ့
သွယ်က တော့ ကိုထက် ကိုသိတယ်လေ"

ညူတူတူ ပြောလာရင်း
လက်တစ်ဖက်က ပေါင်ပေါ်ကို ရောက်လာသည်။

'ဘယ်လိုတောင် လက်ရဲ ဇက်ရဲနိုင်တဲ့
မိန်းကလေးလဲ'

"မင်း.."

ဒေါသနှင့် အော်မယ် အလုပ်...
သူမက ခရမ်းဆီရောင်နှုတ်ခမ်းဖျားများအထက်
လက်ညှိးသွယ်သွယ်လေးကို တင်လိုက်ကာ

"ရှူး......."

တစ်ဆက် တည်းမှာပင်
အကြည့်ဆိုင်မိမှ သတိထားမိသွားသည့်
ညို့အား ပြင်းသည့် မျက်ဝန်းတို့ကြောင့်
တက်ရဲရင့် တခဏမျှ တုန့်ဆိုင်း သွားသည်။

"နားငြီးတယ်
စကား သိပ်မများနဲ့"
ခပ်ထေ့ထေ့ ပြုံးရင်း သူမက ပြောလာသည်။

ထိုအချိန် ပေါင်ပေါ်က လက်ချောင်းများက
မြွေတစ်ကောင်လို ပေါင်ရင်းထိ
လျှော တက်လာသည်။

ထက်ရဲရင်တစ်ယောက်
လိပ်ပြာနှင့်ကွာသွားသည့် တစ်ယောက်လို
လှုပ်ရှားမှု မရှိတော့။
သူမအကြည့်တို့မှာ အညို့ခံထားရသိလိုပင်
သူမ လှုပ်ရှားမှုအားလုံးကို မမှိတ်မသုန်ငေးကြည့်
နေမိသည်။

"အာ့...."

အောက်က ညီငယ်ကို အညစ်ခံလိုက်
ရတော့မှာ ကာမခလုတ် နှင့် အသိစိတ်ပါ
ပွင့်ထွက်လာတော့သည်။

'ငါ..ငါ.. ဘာဖြစ် သွားတာလဲ
ရုံးခန်းကြီး ထဲမှာ မဖြစ်သင့်တာ တွေ..'

သူမလက်ကို ဖယ်မလို့ ဖမ်းကိုင်လိုက်တော့
အေးစက်စက် ခံစားမှုနှင့် အတူ
လူက ဓာတ်လိုက်သွား သလိုပင်

"မင်း အခုချက်ချင်းဖယ်..."

ကိုယ်ကသာ လူသတ်တော့မဲ့ အသံနဲ့ပြောနေပေမဲ့
သူမ ကတော့ မမှု
ရေးရေးပြုံးလျက်သာ
လက်တို့ကို လှုပ်ရှားဆဲ။

"မင်း ကိုငါ ဖယ်..........."

စကားမဆုံး ခင်မှာပင်
ရုတ် တရက် ကပ်လာသည့် မျက်နှာကြောင့်
ဆက်ပြောရမည့်
စကားတို့က လည်းချောင်း ထဲမှာပင်
ပျောက်သွားတော့သည်။

"စကား မများနဲ့ပြော ထားတယ် မလား"

နီးကပ်လွန်းတာကြောင့်
သူမ ရှုထုတ်လိုက်သည့် လေနွေးနွေးတို့က
ထက်ရဲ့ရင် နှာခေါင်းထဲ တိုက်ရိုက် တိုးဝင်လာသည်။

WeirdoWhere stories live. Discover now