အိမ်ရောက်တော့ Jennieတစ်ယောက်အဝတ်စားလဲပြီး အခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲမှာ ဖုန်းပြောနေတဲ့ Lisaကို မေးလိုက်လေသည်
Jennie~ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ကလေး?
Lisa~ဒီမှာလေ အရေးအကြောင်းဆို စီးစရာကားကလိုပြီလေ အာ့ကြောင့် ကားဝယ်ဖို့ အသိပွဲစားတစ်ယောက်ကို ရှာခိုင်းနေတာ
Jennie~ကားဝယ်မယ် ဟုတ်လား? ဒီတိုင်းbusစီးလည်းရတာပဲဟာ ကျောင်းနဲ့ အိမ်နဲ့ကလည်းနီးနေတာကို ပိုက်ဆံအကုန်မခံချင်ပါနဲ့ ကလေးရယ်
Lisa~မဖြစ်ဘူးလေ တီချယ်ရဲ့ အခုပဲကြည့်
တီချယ့်ရဲ့ ဒီနေ့ကိစ္စကြောင့် taxiကို ရှာတာနဲ့တင်
အချိန်တွေကုန်တယ် ကိုယ်ပိုင်ကားနဲ့ဆိုရင် အသွားနဲ့အပြန် စိတ်ပူစရာမလိုတော့ဘူးလေ
Jennie~ကလေးနဲ့ ကားအတူတူစီးလာရင် ကျောင်းက ကျောင်းသားတွေနဲ့ ဆရာမက သံသယတွေဝင်ကုန်မှာပေါ့
Lisa~ဝင်ဝင် တီချယ်ရာ အဲ့တာတွေ ဂရုမစိုက်ဘူး ဘာဖြစ်လဲ တီချယ်နဲ့ ကလေးနဲ့က ချစ်သူတွေပဲဟာ ကားအတူတူစီးတော့ဘာဖြစ်လဲ
Jennie~သူတို့သိသွားကြရင် တီချယ်နဲ့ ကလေးကို အပြစ်ပြောကြမှာပေါ့ တီချယ့်ရဲ့ ဂုဏ်သိက္ခာကလည်းရှိသေးတယ်လေ ဆရာမတစ်ယောက်က ကျောင်းအုပ်ကြီးတစ်ယောက်ကို ချူနေတယ်လို့တော့ တီချယ် အပြောမခံနိုင်ဘူး ကလေး!
Lisa~အခုအခြေအနေမှာတောင် သိက္ခာကို ထည့်တွက်နေရသေးလား တီချယ်ရာ ကိုယ့်ထမင်းကိုယ်စားတာလေ ဘာလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်နေရမှာလဲ!
Jennie~ကလေးက ငယ်သေးတော့ မရင့်ကျက်သေးလို့ အဲ့လိုဂရုမစိုက်နိုင်တာလေ တီချယ့်လိုအသက်အရွယ်တွေက ပတ်ဝန်းကျင်နဲ့ ကိုယ့်ဂုဏ်သိက္ခာကို ထည့်တွေးနေရတယ်!
တစ်ဖက်နဲ့ တစ်ဖက် ပြောရင်းနဲ့ အခြေအနေက တင်းမာလာတော့ Lisaဘက်က လေသံတိုးတိုးလေးဖြင့် စိတ်ခံစားချက်တို့ နှစ်ကာ စကားတစ်ခွန်းကို မေးလိုက်လေသည်
Lisa~အာ့ဆို တီချယ်နဲ့ ကလေးက ဒီလိုမျိုးနဲ့ပဲတစ်သက်လုံး ဆက်နေသွားတော့မှာလား?
Jennieလည်း ဘာပြောရမှန်းမသိဖြစ်သွားလေသည် Jennieဘက်က Lisaနဲ့ ပေါ်ထင်အောင် လူတကာအလယ်မှာ တွဲပြချင်ပေမဲ့လည်း သူမတစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ သိက္ခာဆိုတဲ့ အရာကြီးကို သူမ သိပ်ဂရုပြုနေသောကြောင့် သူမတွေဝေသွားလေသည်
Lisaလည်း Jennieဆီမှ ဘာတုန့်ပြန်ချက်မှ မရရှိတာကြောင့် သက်ပြင်းရှည်ရှည်ချလိုက်ပြီး
Lisa~တီချယ့်ဘက်က အခုချိန်မှာတွေဝေနေမှာပေါ့ ရပါတယ်လေ တီချယ် စဥ်းစားပါ သိက္ခာကိုရွေးမလား? ကလေးကို ရွေးမလား? တစ်ခုတော့ပြောလိုက်မယ် တီချယ်ရဲ့ဆုံးဖြတ်ချက်က ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပါစေ ကလေးဘက်ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပဲ
တီချယ် အဖြေတိတိကျကျရပြီဆိုမှ ကလေး အိမ်ပြန်လာခဲ့မယ်
Lisaလည်း Jennieကို ပြောအပြီး သူမအိမ်ထဲကနေ ထွက်သွားလေသည် Lisa ထွက်သွားတော့ Jennieရဲ့ နှလုံးသားက တားချင်ပေမဲ့လည်း ဦးနှောက်နဲ့ ခန္ဓာကိုယ်က တစ်စက်ကလေးမှ မလှုပ်လာသောကြောင့် သူမလည်း ခြေထောက်တွေခွေယိုင်ပြီး အဲ့နေရာလေးမှာတင် ရှိုက်တငင် ငိုမိလေသည်
Lisaလည်း သူမထွက်သွားပေမဲ့ Jennieသူမကို တားများတားမလားဟု မျှော်နေမိပေမဲ့ သူမရဲ့အနောက်မှာ ဘယ်အရာမှတားဆီးလာခြင်း မရှိတာမို့ သူမရဲ့ စကားသံလည်းပျောက်ဆုံးသွားပြီး ငိုနေရင်းနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေမိသည်
Lisaလည်း ကန်ကြီးရဲ့ဘောင်ပေါ်မှာ ထိုင်လိုက်ပြီး ဘေးက ကျောက်တုံးလေးကို ရေကန်ထဲကို စိတ်ရှိတဲ့အတိုင်း အားနဲ့ပစ်လိုက်လေသည်
ပလုံ~
Lisa~တီချယ် သတ္တိမရှိဘူး
ဘေးကကျောက်တုံးတစ်တုံးကို ထပ်ပစ်လိုက်လေသည်
ပလုံ~
Lisa~ တီချယ် မတားခဲ့တာ ကလေး အံ့သြတယ်
နောက်ထပ် ကျောက်တုံးကို ထပ်ပစ်လိုက်ပြီး
ပလုံ~
Lisa~တီချယ်က ဂရုစိုက်တတ်သလိုနဲ့ အရမ်းသွေးအေးလွန်းတယ်
ဘေးမှာ ပစ်စရာကျောက်တုံးလေးဟာ မရှိတော့တာမို့ သူမလည်း ခေါင်းကို အောက်စိုက်လိုက်ပြီး
Lisa~ကလေး တီချယ့်ကို ပိုင်ဆိုင့်ခွင့် မရှိတော့တာလား😭
Lisaလည်း ငိုနေရင်းနဲ့ သူမရဲ့ပူနွေးနွေးမျက်ရည်တွေက မြေပြင်ပေါ်ကို တစ်စက်ချင်း ကျနေလေသည်
Jisoo~ဘာ! Lisa အိမ်က ထွက်သွားတယ်! နင်မတားခဲ့ဘူးလား Jennie!
Jennie~ငါမှားပါတယ်ဟာ ငါမတားနိုင်ခဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါဟာ😭
Jennieလည်း ရှိုက်တငင်ငိုကြွေးနေရင်းနဲ့Jisooအား တောင်းပန်နေလေသည်
Jisoo~နင်တောင်းပန်ရမယ့်သူက မှားနေပြီ Lisaကိုစောစော ကတည်းကတောင်းပန်ခဲ့သင့်တာ အခုတော့ နင်ပဲ နာကျင်ရပြီမလား!
Jennie~ နင်မှန်ပါတယ်ဟာ ငါ့သိက္ခာကို ထည့်တွက်မိခဲ့လို့ ငါ့ရင်တွေ စူးနှင့်အောင် ခံစားနေရပါတယ်ဟာ😭😭 ငါရင်တွေ တအားအောင့်တယ် ကလေးကို ငါတွေ့ချင်တယ် ငါတောင်းပန်ချင်တယ် ငါ့ကို ကူညီပေးပါဟာ 😭
Jisooလည်း ထိုင်ပြီး ငိုနေတဲ့ Jennieကို ထူပေးလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး ရေတစ်ခွက် Jennieကို တိုက်လိုက်လေသည်
Jennie လည်းJisooပေးတဲ့ ရေခွက်ကို လှမ်းယူတော့ လက်တွေက ကတုန်ကယင်ဖြစ်နေလေသည်
Jisoo~နင်... ဘာမှမစားရသေးဘူးလား! လက်တွေက တုန်နေတယ် အားနည်းနေပုံရတယ် ထမင်းလေးစားလိုက်ပါဟာ ကိုယ့်ကျန်းမာရေးကိုယ် ပြန်ကြည့်လေJennieရယ်
Jennie~ဟင့်အင်း ငါသာမစားရသေးတာ အခုအချိန်ဆို ကလေး လည်း ငါ့လိုဖြစ်နေမှာ သူဘယ်မှာ ဘာတွေများဖြစ်နေပြီလဲ ငါစိတ်ပူတယ်😭
ညနေတောင်အတော် စောင်းလာပြီ ဖြစ်ပြီးChaeyoungလည်း သူမအလုပ်ကနေ ပြန်လာပြီးLisaကိုလိုက်ရှာနေလေသည်
Jisoo~ငိုတာတိတ်ပါတော့ဟာ နင့်ကြည့်ရတာ သောက တွေများလိုက်တာ ကြည့်ရတဲ့ ငါတောင် စိတ်မချမ်းမြေ့ဘူး
Chaeyoungလည်း လိုက်ရှာရင်းနဲ့ ရေကန်နားမှာ ထိုင်နေတဲ့ ကောင်မလေးကို ကြည့်လိုက်တော့
Chaeyoung~Lisa! နင်ဟာ ဘာလို့အဲ့လိုထွက်သွားရတာလဲ ဟိုမှာ တီချယ်က နင့်ကို စိတ်ပူလွန်းပြီးတစ်ငိုငို တစ်ရီရီနဲ့ အရူးတစ်ပိုင်းဖြစ်နေပြီ
Lisaလည်း Chaeyoungရဲ့ စကားကြောင့် ရီလိုက်လေသည်
Chaeyoung~ငါပြောတဲ့ထဲမှာ ရီစရာမပါဘူးနော်Lisa
Lisa~ဟက်! နင်ပြောတာငါ့အတွက် တော်တော် ရီဖို့ကောင်းတယ် စိတ်ပူပါလိမ့်မယ် တီချယ်က ငါထွက်သွားတာတောင် ရပ်နေရာကနေရွှေ့ပြီး ငါ့ကို တားဖော်တောင် မရှိတာ နင်ပြောတာအပိုတွေဖြစ်နေပြီ
Chaeyoungလည်း စိတ်တိုပြီး Lisaရဲ့ပါးကို ဖြတ်ရိုက်လိုက်လေသည်
ဖြန်း!
Lisaလည်း သူမရဲ့ရဲတက်နေတဲ့ပါးကို ကိုင်ပြီး
Lisa~Chaeyoung... နင်... နင် က ငါ့ကို.. ရိုက်တယ်
Chaeyoung ~ရိုက်သင့်ရိုက်ရမှာပဲ နင့်အတွက်ပဲ စဥ်းစားမနေနဲ့Lisa! တီချယ့်အတွက်က ခက်ခဲတဲ့အရာကို ကျော်လွှားဖို့အတွက် တီချယ် ကြောက်ရွံ့နေမိတာ အဲ့တာကို နင်နားလည်ပေးသင့်တယ် တစ်ဖြည်းဖြည်းနဲ့ တီချယ်လည်း ယုံကြည်ချက်တွေရှိလာပြီး လက်ခံလာမယ့်ကိစ္စကို အခုတော့ နင့်ရဲ့ တစ်ဇွတ်ထိုးဆန်မှုတွေ ကြောင့် တီချယ် ရောဂါရလိမ့်မယ် သိရဲ့လား!
Chaeyoung လည်း မအော်စဖူး Lisaရဲ့ ပုခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အော်ပြောလိုက်တော့ Lisaလည်း အသိစိတ်ဝင်သွားပြီး
Lisa~တီချယ်...! တီချယ်ဆီ ငါသွားချင်တယ်
Chaeyoung လည်းLisaကို အိမ်သို့ခေါ်သွားလိုက်လေသည် Lisaလည်းကားပေါ်က ဆင်းလာတော့သူမရဲ့ အဖိုးတန် တီချယ်က ကျောင်းဆရာမဆိုတဲ့ အမည်နဲ့တောင်မလိုက်တော့ ပေ ပုံစံက တကယ့် သောကတွေ ဝေနေသလိုပင် မျက်လုံးများဟာလည်း ဘယ်လောက် ငိုထားမှန်းမသိ နီရဲနေလေသည်
Jennie~Jisoo Chaeyoung ကလေးကို ရှာမတွေ့သေးဘူးလား ငါကလေးကို အရမ်းလွမ်းနေပြီ ငါတွေ့ချင်တယ်ဟာ😢
Jisoo~အေးပါ ငါရှာခိုင်းထားပါတယ် မကြာခင် Lisaပြန်လာမှာပါ
Lisaလည်း သူမရဲ့တီချယ် ဖြစ်နေပုံကိုကြည့်ပြီး စိတ်တောင် မကောင်းဖြစ်နေလေသည်
Lisa~တီချယ်!
Jennieလည်း အသံကြားရာဘက်ကို ကြည့်လိုက်ပြီး သူမရဲ့ငိုလက်စမျက်ရည်များကို သုတ်ကာ ဝမ်းသာအားရနဲ့ သူမရဲ့ ကလေးကို အပြေးဖက်လိုက်လေသည်
Lisa~တီချယ့်ကို ထားသွားမိသလိုဖြစ်သွားတဲ့အတွက် ကလေး တောင်းပန်ပါတယ်😓
Jennie~မဟုတ်တာ တီချယ်မှားတာ တီချယ် ဆုံးဖြတ်လိုက်ပြီ သိက္ခာဆိုတာ ကလေးနဲ့ ယှဥ်ရင် အမှုန်မွှားလောက်ပဲ ရှိတယ် ဆိုတာ တီချယ်သဘောပေါက်သွားပြီ တီချယ် ကလေးကိုပဲချစ်တယ် ကလေးကိုပဲ တီချယ် ရွေးချယ်တယ်
Lisaလည်း ထို အဖြေစကားကို ကြားရတော့ ပျော်သွားပြီး
Lisa~တီချယ်ရဲ့ ဒီစကားက ကလေးဟိုးအရင်ကတည်းအကြားချင်ဆုံးစကားလေးပါ အခုကြားလိုက်ရတော့ ကလေးအရမ်းပျော်တာပဲ
Jisooနဲ့Chaeyoungလည်း ထိုအတွဲတွေပြေလည်သွားတော့ စိတ်ပင်ပန်းတာတွေပြေပျောက်သွားပြီး
Chaeyoung~ကဲ ကဲ နောက်မှပြောချင်တာ ပြောကြ အခုတော့ ထမင်းစားလိုက်ကြအုန်း
Lisa~Chaeyoungငါနင့်ကို ကျေးဇူးတင်တာပဲသိလား နင့်ကြောင့် ငါအသိတရားဝင်ပြီး တီချယ်နဲ့ အခုလို ပြန်ဆုံစည်းခွင့်ရတာ ပြီးတော့Jisoo unnieကိုရောပဲ ကျေးဇူးတင်တယ်
Chaeyoung~မလိုပါဘူးဟာ ငါကနင့်ပါးကိုချမိလို့ အားတောင်နာတယ် ငါ့ကိုကျေးဇူးတင်စရာလည်း မလိုပါဘူး ငါတို့က အကောင်းဆုံးသူငယ်ချင်းတွေပဲဟာ❤️
ထိုနေ့လေးဟာ ကောင်မလေး လေးယောက်အတွက် ဝမ်းနည်းဖွယ်ရာတွေနဲ့ စတင်ပေမဲ့ နောက်ဆုံးတော့လည်း ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာတွေနဲ့ပဲ အဆုံးသတ်လေသည်
ဒီနေ့သာသာစိတ်သိပ်မကြည်ပါဘူးဆိုမှ
သော်လော်မော် မိဝိုင်းကြည်က ဖာဆန်သွားတယ်
Editတာလည်း တော်ချက်တွေ ဖလမဝိုင်းကြည်က
D-5ကို Roseကိုယ်တိုင် Editရတာတဲ့ အဲ့ဖော်လော်မော် ဝိုင်းကြည်က ဘာလုပ်နေကြလဲမသိဘူး ပိုက်ဆံရဖို့ပဲသိတဲ့ ဝိုင်းကြည်မကြီး
တော်တော်စိတ်တိုတယ် ဝိုင်းကြည်မကို🤬
