ကြည်လင်နေတဲ့စိမ်းပြာရောင်ရေလေးတွေကျဆင်းနေတဲ့ ရေတံခွန်လေးရယ်
ရေတံခွန်လေးနဲ့မနီးမဝေးမှာရေတံခွန်ကစီးလာတဲ့ရေကြည် တွေကို
လှပတဲ့ကျောက်ရောင်စုံလေးတွေနဲ့ အဝိုင်းပုံစံကာရံပြီး အကန့်လေးနှစ်ကန့် ကန့်ထားတယ်
အပေါ်ကကြည့်ရင် ကျောက်လေးတွေနဲ့ ကာရံလုပ်ထားတဲ့ ရေကန်လေးနှစ်ကန်လိုပဲ
ရေအတိမ်အနက်ကလည်း အရမ်းမနက်ဘူးတိမ်တိမ်လေး
ပထမရေစိမ်ကန်ကရေတေက ရေခဲလိုအေးစက်နေပြီး
ဒုတိယရေစိမ်ကန်ကရေက ရေပူစမ်းလိုပဲ ဒါပေမဲ့ရေကအရမ်းပူမနေဘဲ နွေးနွေးလေးပေါ့
ရေကန်လေးတွေရဲ့အနီးအနား မှာလည်း လှပပြီးမွှေးရနံ့သင်းပျံ့လွန်းတဲ့ ပန်းပင်လေးများစွာစိုက်ပျိုးထားသလို
အရောင်အသွေးစုံလင်စွာပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေနဲ့အတူ
လှပတဲ့ရွှေငါးလေးတွေကူးခတ်နေကြတဲ့ ကြာကန်လေးတစ်ကန်လည်း ရှိတယ်
gulfလေးတစ်ယောက်အခုလို လှပပြီး ပန်းရနံ့လေးတွေ သင်းပျံ့နေနဲ့
ရေချိုးကန်လေးကိုအခုမှမြင်ဖူးတာဆိုတော့အံ့သြနေတာပေါ့
mewနလုံးသားလေးက နူးညံ့ရုံတင်မကဘူး
ဖန်ဆင်းဖန်တီးသမျှ အရာအားလုံးကလည်း
အနုပညာဆန်ပြီး ပန်းချီကားတချပ်လိုပဲအသက်ဝင်လွန်းတယ်
mew***နေကြာလေးဘာတွေအံ့သြနေတာလဲ နေကြာလေးကိုကို ခေါ်နေတာကြာလား
mewလည်းချီထားတဲ့gulfလေးကို အောက်ချပေးပြီးတာတောင်
ရေချိုးကန်အပြင်အဆင်တွေကို တောင့်တောင့်ကြီး ရပ်ကြည့်နေပြီးသူ
ခေါ်နေတာတောင်မကြားတဲ့ နေကြာလေးကို အသည်းယားလို့ ခေါင်းလေးဖွဖွပုတ်လိုက်တော့မှ
နေကြာလေးက ပြန်လှည့်ကြည့်ပြီး ရီပြလာတယ်လေ
gulf***ဟီး ကိုကိုနေကြာလေး ဘေးမှာကိုကိုရှိနေတာမေ့သွားတယ်😁😁😁😁
VOUS LISEZ
Magic Love Density
Roman d'amourဇာတ်လမ်းရဲ့plotပုံစံအကျဉ်းလေးကတော့ အရာရာကိုလိုသလိုဖန်တီးဖန်ဆင်းနိုင်တဲ့ နှစ်2000နတ်သားလေးmewသူတန်ဖိုးအထားရဆုံးတစုံတရာကသက်တမ်းစေ့လို့ပျောက်ကွယ်သွားပြီးယနေ့ခေတ်လူ့လောကမှာပြန်လည်ရှာတွေ့တဲ့အခါသူဘာတေလုပ်မလဲ??? သူ့ရဲ့တစ်စုံတစ်ရာကရောwhat?????? မထင်မှတ်ဘဲအခ...
MagicLove Density EP7
Depuis le début
