​နွေဦးရဲ့ ​တော်လှန်​ရေးဖူးစာ

188 17 8
                                    


''ဖေ​​ဖေ ဒီဓာတ်ပုံက ​ဖေ​ဖေနဲ့ ပါပါး မလား...''

ဘာလို့ ​ပြေး​နေကြတာလဲ သားသားကိုကျ​တော့ မ​ပြေးခိုင်းဘဲနဲ့ ​သားသားကိုကျ​တော့ ​ပြေးရင် ​ချော်လဲမယ်ဆိုပြီး​တော့...'' ​​ငါးနှစ်အရွယ် သား​လေး၏အ​မေးဖြစ်သည်။

ဒီအရွယ်က စူးစမ်းတဲ့အရွယ်ဆို​တော့ သိချင်တာ​တွေ ​မေး​တတ်တာ​ပေါ့။

''ဪ...ဒီဓါတ်ပုံ​လေးက ​ဖေ​ဖေနဲ့ ပါပါးတို့ရဲ့ အမှတ်တရပုံ​လေး​လေ သားရဲ့  ...

သားပါးပါးနဲ့ ​ဖေ​ဖေတို့ ပထမဦးဆုံး စ​တွေ့ကြတာ​ပေါ့...''

''ဘာလို့ ​တွေ့တာလဲ ​ဖေ​ဖေ ဘာလို့ ​ပြေး​နေတာလဲဆို​နေ သားကို ​ပြောပြပါလား...''

''အင်း သားလည်း ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အ​ကြောင်းအရာ​တွေ သိထားဖို့ လိုပြီ...​

ဖေ​ဖေ​ ​ပြောပြမယ်...

ဒီလို သား​လေးရဲ့  ...သားမ​မွေးခင်တုန်းက ​ဖေ​ဖေတို့ နိုင်ငံမှာ အာဏာသိမ်းမှုတစ်ခု ဖြစ်ခဲ့တယ်...​

ဖေ​ဖေတို့ ပါးပါးတို့လို ပြည်သူ​တွေက မဲ​ပေးပြီး တင်​မြှောက်ခဲ့တဲ့ နိုင်ငံကို အုပ်ချုပ်မဲ့ အစိုးရကို မ​ကောင်းတဲ့လူကြီး​တွေက ရုတ်တရက်ကြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်...​ဖေ​ဖေတို့နိုင်ငံက ပြည်သူ​တွေအားလုံး ဝမ်းနည်းခဲ့ရတယ်...​

နောက်​တော့ ​ဖေ​ဖေတို့ ပြည်သူ​တွေ သူတို့ ခြယ်လှယ်သမျှ ငြိမ်ခံ​နေလို့ မဖြစ်​တော့ဘူးဆိုပြီး ငြိမ်းချမ်းစွာနဲ့ လမ်း​ပေါ်ထွက် ဆန္ဒထွက်ပြခဲ့ကြတယ်...

မိဘ​တွေက မလွှတ်လို့ အိမ်ပြင်မထွက်ရတဲ့ လူငယ်​တွေကလည်း အခု လက်ရှိ internetဖွင့်ပြီး သုံး​ရတဲ့  facebookကို မ​ကောင်းတဲ့လူကြီး​တွေက Banထားလို့ VPNနဲ့တွဲသုံးပြီး​တော့ လမ်း​ပေါ်ထွက် ဆန္ဒထွက်ပြ​နေတဲ့ သူ​တွေအတွက် သတင်းအချက်အလက်​တွေကို မျှ​ဝေ​ပေးတယ်... ​ဖေ​ဖေတို့ နိုင်ငံမှာ ဖြစ်​ပေါ်​နေတဲ့အ​ရေးကို နိုင်ငံတကာက သိ​အောင်လို့ Twitterမှာ Trend​ပေးခဲ့ကြတယ်...​

ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှာ စတင်ခဲ့တဲ့ အာဏာသိမ်းမှုကြီးကို ပြည်သူ​တွေအားလုံးက ဝိုင်းဝန်း​တော်လှန်ခဲ့ကြတယ်...ဒီလိုနဲ့  ၂၂. ၂. ၂၀၂၁ မှာ နှစ် ငါးလုံးသပိတ်လို့​ခေါ်တဲ့ ​​နွေဦး​တော်လှန်​ရေးကြီးမှာ ​ဖေ​ဖေတို့​တွေ ပါဝင်​ခဲ့ကြတာ​ပေါ့...အဲဒီမှာ သားပါးပါးနဲ့ ​ဖေ​ဖေ ​တွေ့ခဲ့ကြတာ​လေ...''

​နွေဦး​တော်လှန်​ရေး ဖူးစာWhere stories live. Discover now