~~~~~~~~~~~~~~~~~~~~~~~~~~


ကျန့်ကျန့် မျက်လုံးနှစ်လုံးပွင့်တာနဲ့ ပထမဆုံး ခံစားရတာ နောက်ကျောဘက်ဆီက ရိပေါ်ရဲ့နွေးထွေးမှု ။ သဘောတကျပြုံးရင်း ရင်ခွင်ထဲတိုးမလို့ လုပ်ပြီးခါမှ တစ်ယောက်သောသူအကြောင်း ကျန့်ကျန့် ခေါင်းထဲဖြတ်ခနဲ သတိရလိုက်တယ် ။

အိပေါ်က gay ကို မုန်းတယ် ။

စိတ်ဓာတ်ကျစွာနဲ့ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း ခါးနားမှာရစ်ပတ်ထားတဲ့ သန်မာတဲ့ လက်တစ်စုံကို ကျန့်ကျန့် ဖြုတ်ချလိုက်တယ် ။ မင်းက gay ကိုမုန်းတယ်ဆိုမှတော့ ငါက ဘာကို မျှော်လင့်နေရဦးမှာလဲ အိပေါ် ။ မင်းမကြိုက်တာတွေ ငါတတ်နိုင်သလောက် ရှောင်ပေးမယ် ။ အဲ့အရာထဲမှာ ငါကိုယ်တိုင်ရဲ့ဖြစ်တည်မှုပါနေရင်တောင်မှပေါ့ ။

မနေ့ညကတစ်ယောက်တစ်ခွန်းစကားများရင်းအော်ငိုမိသွားတာမို့ လောလောဆယ် ကျန့်ကျန့်မျက်နှာနည်းနည်းပူနေမိတယ် ။ ဒါကြောင့် အိပေါ်မနိုးခင်ကျောင်းအရင်သွားရမယ် ။ မဟုတ်ရင် ရိပေါ်ကို ဘယ်လိုဖြေရှင်းချက်ပေးရမလဲ မစဉ်းစားရသေးဘူး ။

အတွေးနဲ့အတူမြန်မြန်မတ်တပ်ရပ်လိုက်ပေမယ့် အနောက်ကဆွဲဖက်လိုက်တဲ့အားတစ်စုံကြောင့် မွေ့ယာပေါ်ပြန်လဲကျသွားရတယ် ။

"လွှတ်"

"ဘယ်သူလဲ"

"လွှတ်စမ်းအိပေါ်"

"ငါမေးတာဖြေ ။ ဘယ်သူလဲ ။ မင်းဘယ်ကောင်ကိုကြိုက်နေတာလဲ"

ရှိသမျှအားအကုန်သုံးလို့ တွန့်လိမ်ကာရုန်းကြည့်ပေမယ့် ရိပေါ်လက်ကဘယ်လိုမှမလွတ်ဘူး ။ အားကစားမလိုက်စားတဲ့ကျန့်ကျန့်က သူ့ထက်လူကောင်ကြီးတဲ့ရိပေါ်ကို ဘယ်လိုနိုင်ပါ့မလဲ ။

"မင်း ဖယ်စမ်း ! "

"ကျန့်ကျန့်"

"ဖယ်"

"ငါတောင်းပန်တယ် ။ ငါဘာမှားလို့လဲ "

"......."

"ငါ့အပေါ်မပြောင်းလဲသွားပါနဲ့"

"......."

"ငါ မခံနိုင်သေးဘူး ကျန့်ကျန့်"

ရိပေါ်ရဲ့ ကြေကွဲအက်ရှနေတဲ့စကားအဆုံးမှာ ရုန်းနေတဲ့ကျန့်ကျန့်ကငြိမ်သွားတယ်။
ရိပေါ်ကတော့ အနောက်ကနေ ကျန့်ကျန့်တစ်ကိုယ်လုံးကို သိုင်းပြီးတင်းတင်းဖက်ထားတယ် ။

Wine (Completed)Where stories live. Discover now