လုံ့ကျွယ်က အပေါ်ကို ခုန်တက်သွားပြီး ရှီရှန်းကို စတင်တိုက်ခိုက်တော့တယ်.

လုံ့ကျွယ်ရဲ့ကျင့်ကြံဆင့်တွေက ရှီရှန်းထက်မြင့်တဲ့အတွက်ကြောင့် ရှီရှန်းက အဆင့်မြင့်မှော်ပစ္စည်းတွေကို အသုံးပြုလည်း သူမကိုယ်သူမ အန္တရာယ်ကနေပဲ ကာကွယ်နိုင်ပြီးလုံ့ကျွယ်ကို ဒဏ်ရာရအောင် ချဥ်းကပ်ဖို့မဖြစ်နိုင်ဘူး

လုံ့ကျွယ်ကသူ့ရဲ့အစွမ်းတွေကို အကုန်အသုံးမပြုဘဲ ရှီရှန်းကို စက်ကွင်းရဲ့အလယ်ကိုရောက်အောင်သာ တွန်းပို့နေတယ်.

ရှီရှန်းက သူဘာလုပ်နေတယ်ဆိုတာကို ရိပ်မိတဲ့အတွက်ကြောင့် အဲ့နေရာကိုမရောက်အောင်နေတယ်.

သူမ ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ယဲ့ချင်ချိုးက အနောက်ကနေပေါ်လာပြီး တိုက်ခိုက်တော့တယ်

ရှီရှန်းက ရုတ်တရက်ခြေချော်သွားတာကိုအခွင့်ကောင်းယူပြီး လုံ့ကျွယ်က ရှီရှန်းကိုမြေပြင်ပေါ်ရောက်အောင် လေပွေတစ်ခုကိုပစ်လွှတ်လိုက်တယ်.

ရှီရှန်းကစက်ကွင်းထဲကို ရောက်သွားတဲ့အခါမှာ အလင်းတန်းတွေဖြာထွက်လာပြီး သူမကိုဖုံးအုပ်သွားတာ​ကြောင့် အပြင်ဘက်က လူတွေရဲ့မြင်ကွင်းကပါ အရမ်းကိုဝေဝါးသွားတယ်

' ဖာ့ခ်, ငါ့ကျင့်ကြံဆင့်တွေကအားနည်းနေသေးတာသိပါတယ်ဟ!!'

ရှီရှန်းက သူမကိုဖုံးအုပ်ထားတဲ့ အဖြူရောင်အလင်းတန်းတွေကို စိတ်ကသိကအောက်ဖြစ်စွာ ကြည့်ရင်း တွေးလိုက်တယ်

သူမက လက်ချောင်းထိပ်ကို ကိုက်ပြီးသွေးနဲ့လေထဲမှာ သ​​​ေင်္ကတတစ်ခုကို ဆွဲလိုက်တယ်.

သူမရဲ့မျက်နှာက ဖျော့တော့နေပေမဲ့.မျက်လုံးတွေကတည်ငြိမ်နေတုန်းပဲ

နောက်ဆုံးစုတ်ချက်ကို ဆွဲပြီးသွားတဲ့အခါမှာအလင်းတန်းတွေက ကွယ်ပျောက်သွားပြီးတော့အပြင်ဘက်ကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်

အပြင်ကသူတွေလည်း သူမကို ထင်ထင်ရှားရှားမြင်နေရတယ်

" အဲ့ဒါဘာကြီးလဲ!!"

ထုန်းတောင်ဂိုဏ်းချုပ်က ရှီရှန်းရဲ့အရှေ့မှာပျံနေတဲ့သွေးစာ စာလုံးကိုကြည့်ပြီးကြောင်နေတယ်

Final Boss Is No JokeWhere stories live. Discover now