"ဘယ်သူကြည့်အောင် အဲဒီဘက်ကိုလှည့်အိပ်နေရတာလဲ?"
စိတ်တိုမိသွားရကာ တစ်ဖက်ခုံရှိမိန်းမတွေရှိသည့်ဘက်ကို မျက်နှာမူကာအိပ်ပျော်နေသည့် ရှောင်ကျန့်အား သူ၏ပုခုံးပေါ်သို့ မနိုးသွားစေရန်အလို့ဌာ အသာအယာဆွဲယူလိုက်ပီးနောက် ပုခုံးပေါ်တွင်မှီကာအိပ်နေသော ရှောင်ကျန့်အား ငုံ့ကာနမ်းလိုက်လေသည်။
"သွားပီ....ရှပါပီ...ဘေးမှာ ပိုင်ရှင်ကြီးနဲ့ဟ...အကြည့်တွေ့ကလည်းကြောက်စရာကြီး"
"အမလေး ပိုင်ရှင်ကလည်းချောလိုက်တာ"
"ဟုတ်တယ်နော်...နှစ်ယောက်က လိုက်ဖက်လိုက်တာ..ရှရကျိုးနပ်တယ်ဟ"
ထပ်မံထွက်ပေါ်လာသည့်အသံများကို မကြားချင်ယောင်ဆောင်လိုက်ကာ လက်ထဲရှိဖုန်းကိုသာ ပြန်ကြည့်နေလိုက်တော့သည်။ လေယာဉ်ဆင်းခါနီးမှ နိုးလာသည့်ရှောင်ကျန့်က သူ့ပုခုံးပေါ်ရောက်နေသည်ကို အာရုံမရစေရန်အလို့ဌာ အိပ်လည်းအိပ်နိုင်လွန်းသည်ဟုပြောလိုက်မိသဖြင့် ရှောင်ကျန့်ကသူ့ကိုရန်ပြန်တွေ့ခဲ့သေးသည်။ ဤသည်ကို ဟိုဘက်ခုံရှိမိန်းမများက စပ်စုနေသဖြင့် သူကမသိချင်ယောင်ဆောင်ကာ အပေါ်တွင်ထည့်ထားသည့် ကျောပိုးအိတ်ကိုယူနေသည့်အချိန် ဘာမှမသိသည့်ရှောင်ကျန့်ကသူ့အား
"ဝမ်ရိပေါ် ဝမ်ရိပေါ်"
"ဘာလဲ"
"ဟိုလေ....ငါတို့ဘေးမှာထိုင်သွားတဲ့ ကောင်မလေးတွေကလေ ငါတို့ကိုကြည့်ပီး ပြုံးစိစိနဲ့ဟ။ ဘာဖြစ်လို့လဲမသိဘူး။ တစ်ခုခုတော့မှားနေတယ်လို့ ငါတော့ထင်တယ်"
ရှောင်ကျန့်၏ အမေးကြောင့် ခိုးနမ်းထားမိသည့်သူ့မှာ စိတ်ထဲတွင် လန့်ဖျန့်သွားရသော်လည်း အပြင်ဘက်တွင်တော့ ထိုမိန်းမတွေအား ဂရုမစိုက်ဖို့သာပြောလိုက်သည့်အခါ ရှောင်ကျန့်ကဘာမှထပ်ပြောမလာတော့ပေ။ လူဝင်မှုကြီးကြပ်ရေးကိုဖြတ်ကျော်ပီးသည့်အခါတွင်တော့ အနောက်မှာလှုပ်စိလှုပ်စိ ကျန်ရစ်ခဲ့သော ရှောင်ကျန့်ကြောင့် သူသေချာကြည့်လိုက်သည့်အခါ တစ်ခုခုဖြစ်နေပုံရသည့် ခြေထောက်ကိုတွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် ခြေလှမ်းကျယ်များဖြင့်သာ လှမ်းတတ်သည့် ရှောင်ကျန့်က ဖြည်းဖြည်းချင်းလျှောက်နေသည်ကို ပေကျင်းလေဆိပ်မှာကတည်းက သူသတိထားမိပါသည်။
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 44
Start from the beginning
