'ဘာလို့အဲဒီလောက်မျက်နှာပျက်သွားရတာလဲ...ငါပြောချင်တဲ့သဘောက ညီအစ်ကိုမဟုတ်ဘူးပဲပြောတာကို...မင်းကိုနှိမ်တာလုံးဝမဟုတ်ဘူး'

ထိုအချိန်ပါးက ရှောင်ကျန့်နေရမည့်အခန်းအား သူ့ကိုလိုက်ပို့ပေးဖို့ရာပြောလာသဖြင့် သူငြင်းလိုက်လျှင် စိတ်ထိခိုက်နေပုံရသည့် ရှောင်ကျန့်ပိုမို၍ အနေရခက်မည်ကိုစိုးသဖြင့် သူမငြင်းမိတော့ပေ။ အပေါ်တက်ခါနီး ပါးကရှောင်ကျန့်ကို ပါး ဟုသာခေါ်ရန်ပြောသော်လည်း ရှောင်ကျန့်ကတော့ခေါ်ချင်သည့်ပုံမပေါ်ခဲ့။ ဤသို့ဖြင့် ရှောက်ကျန့်၏အရှေ့မှအပေါ်ထပ်သို့ဦးဆောင်ကာတက်နေသည့် ဝမ်ရိပေါ်သတိရသွားသည်က

'အခန်းကိုသေချာရောပြန်ပြင်ထားရဲ့လားမသိဘူး။ တနေ့ကမှ ဖျက်ဆီးထားတာဆိုတော့ မမှီလောက်ဘူးထင်တယ်။ ပီးပီရောများလုပ်လိုက်ကြသလားမသိဘူး'

ရှောင်ကျန့်နေရမည့် အခန်းပေါက်ဝရောက်သည့်အခါ

"ဒီအခန်းပဲ မင်းနေရမယ့်အခန်း"

သူပြောလိုက်သည့်အခါ ဘာတုံပြန်မှုမှမပေးဘဲ အထဲသို့ဝင်ရန်ပြင်နေသည့် ရှောင်ကျန့်ကြောင့် စိတ်အလိုမကျဖြစ်မိသွားရကာ

"ဘာလဲ? ကျေးဇူးတောင် မတင်တော့ဘူးလား?"

"ငါက ဘာကိစ္စနဲ့ မင်းကို ကျေးဇူးတင်ရမှာလဲ?"

ထင်သည့်အတိုင်း မာနကြီးလွန်းသည့် ရှောင်ကျန့်က ကျေးဇူးမတင်နိုင်ကြောင်းပြောသည့် အပြင် သူလိုက်မပို့လည်း ဒီအခန်းထဲရောက်အောင် သူ့ဘာသာလာနိုင်သည်ဟုပြောလာသဖြင့် သူလည်းအခန်းထဲသို့ဝင်သွားပီဖြစ်သော ရှောင်ကျန့်၏အနောက်သို့ အလျှင်အမြန်လိုက်ဝင်သွားကာ

"အမေရော သားရော တစ်ပုံစံတည်းပဲနော်။ မာနကလည်းကြီးလိုက်တာလွန်ရော။ ဘာမှလည်းမရှိကြပဲနဲ့"

နှုတ်ကသာ အကြောင်းပြချက်အနေဖြင့် အခန်းထဲဝင်ရရန်အလို့ဌာ ထိုသို့ပြောလိုက်သော်လည်း သူ၏မူရင်းရည်ရွယ်ချက်မှာ သူဖျက်ဆီးခဲ့သည့်အခန်းအား သေချာပြန်လည်၍ပြင်ဆင်ပီးမပီး စစ်ဆေးရန်သာဖြစ်သည်။ သို့သော်လည်း သူ၏စကားကိုစိတ်ဆိုးသွားပုံရသည့် ရှောင်ကျန့်က သူ့အားစကားတွေအများကြီးပြောပီး အခန်းထဲမှနှင်ထုတ်လိုက်သဖြင့် ဒေါသထွက်သွားမိကာ ထိုအခန်းတွင်ဆက်နေမိလျှင် တစ်ခုခုလုပ်မိမည်ကိုစိုးရိမ်သဖြင့် တံခါးအားစောင့်ပိတ်၍သာထွက်လာခဲ့လိုက်သည်။ တကယ်ပါ...ဝမ်ရိပေါ်၏ဘဝမှာ သူ၏အိမ်မှ သူ့အားမောင်းထုတ်ရဲသည့်သူ ရှိလာခဲ့လိမ့်မည်ဟု အိပ်မက်တောင်မမက်ဖူးခဲ့။ အကယ်၍များသာ ရှောင်ကျန့်နေရာမှာ တစ်ခြားသူသာဆိုလျှင် ထိုနေရာတွင်အသက်ပင်ပျောက်နေလောက်ပီဆိုသည်ကို ထိုလူသားကတော့သိမည်မထင်။ အောက်ပြန်ဆင်းလာသည့်အချိန်ထိ ဧည့်ခန်းတွင်ထိုင်နေသေးသည့်ပါးက

Meet Point Of Parallel Lines Where stories live. Discover now