"တောက်! ရောက်တောင်ရောက်နေကြပီလား...ဘယ်အချိန်ကတည်းက လာချင်နေကြတာလဲမသိဘူး..ဒီလိုဖြစ်လာမှတော့ တစ်ခါတည်း ဝမ်ရိပေါ်အကြောင်းသိအောင်ပြပေးရတော့မှာပေါ့"

စိတ်တိုတိုဖြင့်အောက်သို့ဆင်းလာတုန်း သူ့ကိုမြင်တွေ့သွားသည့်ပါးက

"သား အိမ်မှာရှိနေတာလား? အတော်ပဲ တစ်ခါတည်းမိတ်ဆက်ပေးလို့ရသွားတာပေါ့"

"ဘယ်လိုလုပ်မလဲ ကျွန်တော်ကအားမနေဘူး"

သူပြန်ပြောလိုက်သည့်အခါ သူ့အားကျောပေးကာ ထိုင်နေသည့်ကောင်လေးက သူ၏ဘက်သို့လှည့်ကြည့်သောအခါ မည်သို့မှထင်မှတ်မထားသည့်သူဖြစ်နေသဖြင့် အံ့သြခြင်း စိတ်ရှုပ်ထွေးသွားရခြင်းများဖြင့် နှုတ်မှရေရွတ်လိုက်မိသည်က

"ရှောင်ကျန့်?"

"ဝမ်ရိပေါ်"

သူ့နည်းတူပင် ပထမတော့အလွန်အမင်း အံ့အားသင့်နေပုံရသည့် ရှောင်ကျန့်က နောက်တော့စိတ်ပျက်နေသည့်ပုံဖြင့် သူ၏နာမည်ကိုရေရွတ်လာလေသည်။ ရှောင်ကျန့်မှန်းသေချာသွားသဖြင့် စိတ်ထဲတွင်လည်း

'ပါးယူလိုက်တဲ့ မိန်းမက ရှောင်ကျန့်အမေတဲ့လား? ဒါဆိုရှောင်ကျန်ကအခုကစပီး ငါတို့နဲ့အတူနေတော့မှာပေါ့။ အဲဒီလောက်တောင် တိုက်ဆိုင်ရလား? ကြည့်ပါဦး ငါနဲ့အတူနေရမယ်ဆိုတော့ အရမ်းကို စိတ်ပျက်နေတဲ့ပုံနဲ့ နည်းနည်းလောက် ဟန်တောင်မဆောင်နိုင်ဘူးလား..ရှောင်ကျန့် မင်းဟာလေ တကယ်ကိုအကောင်းမြင်ပေးလို့မရဘူး...ဒါနဲ့ မတွေ့ရတဲ့အတောအတွင်း မျက်နှာလေးက တော်တော်ချောင်ကျသွားတာပဲ..အစားသေချာမစားဘူးလားမသိဘူး'

အတွေးတွေများနေတုန်း ရှောင်ကျန့်နှင့်စကားပြောနေသည့်ပါးက ယခုအချိန်မှစပီး သူတို့နှစ်ယောက်အား ညီအစ်ကိုဟုပြောလိုက်သဖြင့် ဘာကိုအလိုမကျဖြစ်မှန်းမသိဖြစ်သွားရကာ အော်လိုက်မိသည်က

"ဘာညီအကိုလဲ!! ကျွန်တော်က ဘာလို့သူနဲ့ ညီအကိုဖြစ်ရမှာလဲ ပါး!!"

သူ့စကားကြောင့် ဝမ်ပါးက ရှောင်ကျန့်တို့သားအမိကိုအားနာသွားဟန် သူ့အားဆုံးမနေသဖြင့် ပြန်ခံပြောနေမိသော်လည်း သူ၏အာရုံများသည် ပျက်ယွင်းသွားသော ရှောင်ကျန့်၏မျက်နှာထက်တွင်သာရှိနေခဲ့သည်။ သူ့အားတစ်ချက်မျှသာကြည့်ပီး မျက်နှာလွှဲသွားကာ တွေတွေငေးငေးဖြစ်သွားသည့် ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်ရင်ထဲတွင်တော့ ကမ္ဘာပျက်မတတ်ဖြစ်နေခဲ့သည်ကို မည်သူမှသိနိုင်မည်မဟုတ်ပေ။

Meet Point Of Parallel Lines Where stories live. Discover now