"မတူဘူးလေ ရိပေါ်ရယ်"
"ဘာကိုမတူရမှာလဲ..အားလုံးအတူတူပဲ..နောက်ပီး မယားပါသားကို ကျွန်တော်နဲ့အတူတူနေခိုင်းမယ်ပေါ့...မျက်နှာချင်းဆိုင်အခန်းကိုလာပေးထားတယ်ဟုတ်လား"
"သားကျန့်က လိမ္မာတဲ့ကလေးပါ...သားသူ့ကိုမြင်ရင် သေချာပေါက်သဘောကျမှာပါ"
"ဟက်! အမေရောသားရော ဘယ်လိုတွေဆွဲဆောင်ထားကြလို့ပါလိမ့်။ ကြည့်ရတာ သိပ်မကြာခင် ဒီအိမ်တစ်အိမ်လုံးကိုအပိုင်သိမ်းတော့မယ်ထင်တယ်...ဒါပေမဲ့ ပါး ကျွန်တော့်ကိုသိပ်အထင်သေးလွန်းသွားပီ။ ပါးနောက်မိန်းမယူတာကို တားလို့မရပေမဲ့ သူတို့ကောင်းကောင်းနေရအောင် လွှတ်ထားပေးမယ်ထင်နေတာလား?"
"ရိပေါ်ရယ်...ပါးတောင်းပန်ပါတယ်။ သူတို့သားအမိကိုတော့ ဒုက္ခမပေးပါနဲ့။ သူတို့က သားထင်သလိုလူမျိုးမဟုတ်ပါဘူး။ ရှင်းလန်က ထူးချွန်ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူမကတကယ့်ကို စိတ်ထားကောင်းမွန်တဲ့သူတစ်ယောက်ပါ..နောက်ပီး သူမရဲ့သား ရှောင်.."
"နားငြီးတယ်...နောက်မိန်းမကောင်းကြောင်းတွေလာပြောမနေနဲ့ မကြားချင်ဘူး"
ဖခင်ဖြစ်သူ၏စကားကို ဆုံးအောင်နားမထောင်သည့် ဝမ်ရိပေါ်မှာပြောပီးသည်နှင့် အခန်းထဲရှိအပျက်အစီးများအားကျော်ခွကာ ထွက်ခွာသွားတော့လေသည်။
---------------------------------------------
ဒီနေ့ ပါးလက်ထပ်ပီးသဖြင့် သူ၏နောက်မိန်းမနှင့်သားဖြစ်သူတို့ အိမ်သို့လာနေတော့မည်ဖြစ်သဖြင့် ဝမ်ရိပေါ်မှာ အိမ်မှာမနေဘဲအပြင်သို့သာသွားရန် ဆုံးဖြတ်လိုက်သည်။ သူ့အခန်းရှေ့က အခန်းကိုဝမ်ရိပေါ်ထပ်မံ၍ မဖျက်ဆီးသည်တော့သည်မှာ တခြားကြောင့်တော့မဟုတ်ပေ။ သူဖျက်စီးပီးနောက်ချက်ချင်းပင် ပါးကထိုအခန်းကိုပြန်ပြင်ဆင်ပြန်သည်မဟုတ်လား။ ထို့ကြောင့်အားကုန်ခံကာ ကြိုမဖျက်ဆီးတော့ဘဲ ထိုအခန်းပိုင်ရှင်လာမည့်နေ့ကျမှ မျက်စိရှေ့တွင်ကိုယ်တိုင်ဖျက်ဆီးပြရန်သာဖြစ်သည်။ အခုတော့အပြင်သွားလိုက်ဦးမည်ဖြစ်ကာ ညနေအိမ်ပြန်လာသည့်အချိန်ကျမှသာ တစ်ပွဲတစ်လွှမ်းနွှဲမည်ဟု အားတင်းလျှက်အပေါ်ထပ်မှဆင်းလာတုန်း ဧည့်ခန်းထဲတွင်ထိုင်နေကြသည့်သူများကိုတွေ့လိုက်ရသဖြင့်
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 40
Start from the beginning
