------------------------------------------------
စာမေးပွဲဖြေပီးကျောင်းတွေပိတ်ထားသဖြင့် သူနှင့်ရှောင်ကျန့်မတွေ့ရသည်မှာလည်းကြာပီဖြစ်သည်။ မကြာခဏရှောင်ကျန့်တို့အိမ်ဘက်ကို သူရောက်တတ်သော်လည်း မျက်နှာတော့တစ်ခါမှမြင်ခွင့်မရခဲ့။ ယွီပင်းပြောပြချက်အရ အိမ်ထဲမှာပဲနေတတ်သည့်ရှောင်ကျန့်အကြောင်းကို သိပီးဖြစ်သော်လည်း အပြင်ဝရံတာသို့ပင်မထွက်သည့် ရှောင်ကျန့်ကြောင့်သူ့မှာ အံ့အားသင့်ရသေးသည်။ ဒီရက်ပိုင်းတွင်တော့ ရှောင်ကျန့်ဆီသို့သူမသွားဖြစ်သေး။ အကြောင်းသည်ကား ပါး၏နောက်မိန်းမက မကြာမီသူတို့အိမ်သို့လာနေမည်ဖြစ်ကာ အပေါ်ထပ်မှသူ၏အခန်းရှေ့တွင် ထိုမိန်းမနှင့်ပါလာမည့်သားအတွက် အခန်းကိုပြင်ဆင်ထားသဖြင့် ဝမ်ရိပေါ်၏ဒေါသများသည် အထွဋ်အထိပ်သို့ရောက်နေသောကြောင့်ပင်ဖြစ်သည်။ ထိုအခန်းထဲသို့သွားကြည့်သောအခါ သေသေချာချာ ပြင်ဆင်ပေးထားသဖြင့် အခန်းထဲရှိပစ္စည်းများကို စိတ်ရှိလက်ရှိ ရိုက်ခွဲဖျက်ဆီးလေတော့သည်။
"ဒုန်း...ခွမ်း.."
ဝမ်မင်ရန်တစ်ယောက်အောက်ထပ်တွင်ရှိနေတုန်း အပေါ်ထပ်မှဆူညံသံများကိုကြားလိုက်ရသဖြင့် အိမ်ထော်ထိန်းအား
"အပေါ်မှာ ဘာတွေဖြစ်နေတာလဲ?"
"အသစ်ရောက်လာမယ့် ကလေးအတွက် ပြင်ဆင်ထားတဲ့အခန်းကို သခင်လေးကဝင်ပီးဖျက်ဆီးနေပါတယ်"
အိမ်တော်ထိန်းစကားကြောင့် ဝမ်မင်ရန်လည်းအပေါ်ထပ်သို့တက်သွားကာ
"ဝမ်ရိပေါ်!! ဘာဖြစ်လို့ အဲဒီလောက်ဆိုးသွမ်းနေရတာလဲ?"
"ဟက်! ပါးနောက်မိန်းမကို အိမ်ပေါ်ခေါ်တင်တာကျတော့ကောင်းပီးတော့ ကျွန်တော်အခုလိုလုပ်တာကျတော့ ဆိုးသွမ်းတယ်ပေါ့"
"ရိပေါ်ရာ...ဘာဖြစ်လို့ ပါးကိုနည်းနည်းလေးတောင်နားလည်မပေးနိုင်ရတာလဲ? အခုလိုတွေလုပ်နေလို့ရော ဘာကပြောင်းလဲသွားမှာမို့လို့လဲ?"
"နားလည်ပေးရမယ်ဟုတ်လား? အမှန်ပြောရရင် ပါးကိုလုံးဝနားမလည်နိုင်ဘူး။ မားတစ်ယောက်နဲ့တင် အမှတ်မရှိဘူးလား? အခုယူမဲ့မိန်းမကလည်း ကုမ္မဏီမှာ တော်လွန်းတယ်ဆို။ နောက်တစ်ခါထပ်ပီး အနှိမ်ခံချင်နေတာလား?"
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 40
Start from the beginning
