💘Seventeen

Start bij het begin
                                    

တစ်ဆထက်တစ်ဆသူနဲ့ဝေးကွာသွားသလိုခံစားနေရသည်။ ခံစားနေရတာထက် ဖြစ်နေပြီဆိုပိုမှန်သည်။ ဒီအခြေအနေတွေကို သူမအရမ်းမုန်းသည်။ အခုလည်း သူဘယ်သွားမှန်းမသိ။ သူကမသိတာလား... လူတစ်ယောက်လုံး သူ့အနောက်ပါမလာတာတောင်လေ။ သူ့စိတ်ကနေ‌နိုင်နေတာလား။

မဖြစ်ဘူး...။ Jiminကိုလုံးဝမထိခိုက်စေချင်ပါ။ ဒါပေမဲ့ သူမကိုလွယ်လွယ်နဲ့မေ့နိုင်သွားမှာကို ကြောက်သည်။ တုံ့ပြန်မှုတစ်ခုတော့လိုချင်သည်။ ဒါဟာ အမှန်တရား။ တစ်နည်းဆို သူ့အပေါ်ထားမိတဲ့ပထမဆုံးအတ္တ။

" ဖက်ချင်တယ်။ အရမ်းပင်ပမ်းနေပြီမလို့ ထွက်လာပြီးလာဖက်ပေးပါ Jimin ah...ပုန်းမနေနဲ့တော့လေ နော်။ "

အမှန်တရားကိုဖုံးကွယ်ပြီးဆိုမိတဲ့ ဖြေသိမ့်ခြင်းမုသားတွေ။ ဘာတုံ့ပြန်သံမှ သူမပြန်မရလိုက်။ သက်ပြင်းသဲ့သဲ့တစ်ချက်ချလိုက်မိသည်။ တစ်ကယ်လက်လျှော့ချင်နေပြီ။ သူမစိတ်တွေအရမ်းပင်ပမ်းနေပြီ။ ဧည့်ခန်းအလည်တွင်ထိုင်ချလိုက်ကာ ဒူးနှစ်ချောင်ပေါ်မျက်နှာအပ်လျက်ကျုံ့ကျုံ့လေးနေနေမိသည်။

" အစတည်းကမချစ်ခဲ့မိရင်ကောင်းသား..."

ခပ်ဖွဖွဆိုလိုက်မိတဲ့စကား...။ သူ့အပေါ်မတရားလွန်းတာ သိပေမယ့်... သူမအရမ်းပင်ပမ်းနေပြီမို့။

" လက်လျှော့တော့မှာလား မိန်းကလေး။"

ဒီအသံ....

" နတ်သား မူ..!"

သူမခေါင်းထောင်လာသည်။ နတ်သားမူက သူမ့ဘေးမှာဝင်ထိုင်လိုက်ပြီး သူမခေါင်းကိုခပ်ဖွဖွပုတ်သပ်ပေးသည်။

" ဘာလို့လဲ...! ဘာလို့ ကျွန်မလဲ!! "

"....."

" တာဝန်ကြောင့်ပေါ့လေ။ ကိုယ့်တာဝန်မဟုတ်တဲ့ လူသားရဲ့အသက်တစ်‌‌ေချာင်းကိုကယ်တင်မိလို့ပြန်ရလိုက်တာက ဒီလိုအခြေအနေပေါ့လေ..!!?? ဝါး..... တရားလိုက်ကြတာ!!! "

သူမစိတ်နာနာနဲ့အပြစ်တင်မိသည်။ နတ်သားမူကတော့ ဘာတစ်ခွန်းမှပြန်မဖြေနိုင်။ သူဘယ်လိုကူညီရပါ့..။

" ဘာလို့လဲ!! ကျွန်မကို မြင့်မြတ်လှပါတယ်ဆိုတဲ့ရှင်တို့လောကထဲကနေလည်း ဖြုတ်ချပြီးပြီပဲ။ အပြစ်က မသေးတာလား? လူသားတစ်ယောက်အနားမှာ စိတ်ခံစားချက်ရှိတဲ့ဝိဉာဉ်တစ်ကောင်အနေနဲ့နေရတယ်။ စိတ်ခံစားချက်အတိုင်း ချစ်မိပြန်တော့လည်း လူသားနဲ့ချစ်ကြိုက်မိလို့ဆိုတဲ့အပြစ်ကဖြစ်ပြန်တယ်။ တစ်ကယ်ပဲ ဘယ်အထိသွားဖို့တွေးနေကြတာလဲ...!!! ဘာလို့လဲ!! "

My Confusing Partner (✔︎)Waar verhalen tot leven komen. Ontdek het nu