ဒီနေ့...ကောင်းကင်ပြင်တစ်ခွင်လုံးကမိုးသားကင်းစင်းနေပေမယ့် မိုးစက်လေးတွေကတော့ တစ်ဖွဲဖွဲကျဆင်းနေတယ်...ဆေးရုံအရှေ့ကို ကားရပ်ပြီးတော့ထီးတောင်မဆောင်းတော့ပဲ ဆေးရုံထဲပြေးဝင်လာမိတယ်...သူငယ်ချင်းဖြစ်သူရဲ့ *ငါ့ကို ကူညီပါဦး ငါ့အမျိုးသမီးမီးဖွားစရိတ်ခက်ခဲနေတယ်*လို့ အကြောင်းကြားဖုန်းဆက်တာကြောင့် လုပ်လက်စအလုပ်တွေအကုန်လုံး မန်နေဂျာနဲ့ပစ်ထားပြီး အပြေးထွက်လာခဲ့မိတာ...
' Mean ငါ့ကလေးလေးကို ကယ်ပါဦးကွာ '
' စိတ်အေးအေးထားစမ်းပါ ဘာဖြစ်လို့လဲ '
' ကလေး ကလေးက ခွဲမွေးရမှာတဲ့ ! ဆေးရုံစရိတ်မရှင်းပဲနဲ့ မွေးမပေးနိုင်ဖူးတဲ့ကွာ တောက်! '
' မင်း ဒီမှာထိုင်နေဦးနော် ငါသွားရှင်းလိုက်မယ် အဆင်ပြေသွားမှာပါကွာ စိတ်ကိုအေးအေးထား ငါပြန်လာမယ်!'
' အေးပါကွာ '
အမြဲတမ်းပြုံးရွှင်နေတတ်တဲ့သူငယ်ချင်းက ဖခင်တစ်ယောက်ရဲ့သောကတွေကြောင့် အခုလိုမျက်ရည်တွေဝိုင်းနေသည်အထိစိတ်ပူနေရတာတွေ့တော့ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်....တကယ်ဆို သူ့မိသားစုကတော်တော်လေးအဆင်ပြေတဲ့မိသားစုပါ ...*ငါ သဘောမတူတဲ့မိန်းမကိုယူလို့နင့်ကို အမွေဖြတ်တယ်* ဆိုတာလေးတစ်ခွန်းထဲပြောပြီး သူတို့လင်မယားကို သူ့မိဘတွေက အိမ်ပေါ်ကနေမောင်းချတယ်တဲ့ ...ဘာလို့ လောကကြီး
မှာ လူတွေအမြင်ကျဉ်းမြောင်းနေကြရတာလဲ တကယ်ဆိုရင်
အချစ်ဟာ အချစ်ပဲ မဟုတ်လား💙
' ငါ ရှင်းပေးခဲ့ပြီ ကလေးက ကျန်းမာမှာပါကွာ မင်းရဲ့သားပဲကို ကြံခိုင်သန်မာတဲ့ ကလေးလေးတစ်ယောက်ဖြစ်လာမှာသေချာတယ် '
' ငါပြန်ဆပ်မှာပါ ! မင်းဆီက ယူထားသမျှပိုက်ဆံတွေအကုန်လုံးကို ငါပြန်ဆပ်မှာ '
' မင်းကလည်းကွာ အချင်းချင်းတွေကိုပြောစရာလိုလို့လား '
' မင်းဘက်က မလိုဖူးဆိုတိုင်း ငါအလကားယူနေလို့မရဖူး သူငယ်ချင်း ငါသေချာပေါက်ကိုပြန်ပေးမှာ '
' မင်း ငါ့ဆီအလုပ်ဝင်ပါလား '
' မင်းကို ကပ်ဖားရပ်ဖားလုပ်ပြီး အလုပ်ရတယ်လို့ဝိုင်းပြောကြမှာပေါ့ မဖြစ်ပါဖူးကွာ '
