အုတ်ဂူရှိရာသို့ မောင်းလာတဲ့ တစ်လျောက်လုံး ကားထဲမှာ ငြိမ်ပြီး လိုက်လာတဲ့ Jin
မှန်ကနေတစ်ဆင့် အပြင်လောကကို မမြင်ဖူးသလို ငေးနေတဲ့ မျက်ဝန်းတစ်စုံမှာလညိး ဆွေးမြေ့ရိပ်က သန်းနေတယ်
ကြေကွဲနေတဲ့ မျက်ဝန်းတို့က စိုထိုင်းမှုအပြည့်
Jin ကို ကြည့်ပြီး သက်ပြင်း ချမိရုံကလွဲပြီး Yg တတ်နိုင်တာမရှိ

ကားမောင်းနေတုန်း Vibrate ပဲထည့်ထားတဲ့ ဖုန်းလေးမြည်လို့ ကြည့်လိုက့တော့ Jk
Jin ရဲ့ စိတ်အခြေအနေ မကောင်းတာကြောင့် Jinလည်း Jk ကို မပြောပြချင်လောက်ဘူးထင်လို့ ဝင်လာသမျှ Jk ဖုန်းတိုင့းကို လစ်လျူရှုထားလိုက်သည်

* sorry Jk အခုအချိန်မှာ Jin အတွက်မို့ ငါမကိုင်ချင်ဘူး *

စိတ်ထဲကသာ ရေရွတ်လျက်

Jin မိဘတွေ မြှုပ်ထားတဲ့ သချိုင်းကို ရောက်တော့

Yg - jin ရောက်ပြီလေ ဆင်းရအောင်

Jin - Awww ommm omm

အားမရှိတဲ့ ခြေလှမ်းတို့နဲ့ တရွေ့ရွေ့သွားနေတဲ့ Jin ကျောပြင်လေးကို ကြည့်ပြီး အနောက်ကနေ ထပ်ချပ်မကွာ လိုက်ခဲ့ပေးလိုက့သည်

ဘေးချင်းယှဥိထားတဲ့ အုတ်ဂူရှေ့ရောက်တော့ တွေတွေကြီး စိုက်ကြည့်နေတဲ့ Jin ခဏကြာမှ ရှိုက်ကြီးတငင် တအိအိနဲ့ ငိုနေပါသော ချစ်ရသူ

လွတ်လပ်စွာ ငိုပါစေဆိုတဲ့ စိတ်နဲ့ ခဏထားပေးပြီး yg လည်း မလှမ်းမကမ်းက Yg အဖေ အုတ်ဂူရှေ့သို ထွက်ခဲ့တော့သည်

Yg - အဖေ သားထင်သလိုပဲ အဖေတို့ ဆုံးပါးခဲ့ရတာ သွေးရိုးသားရိုး မဟုတ်ခဲ့ဘူးလား အဖေ
Jin မိဘတွေ တုန်းက အဖေထင်ခဲ့တဲ့ Kim Hae Won ဘဲလား အဖေ
သား ထင်မြင်ချက်နဲ့ပဲ ပြောလို့ မရတာ​ကြောင့် Jin ကို မပြောခဲ့တာ
အခု သူက သိသွားတော့ ဘယ်လိုလုပ်ရမလဲ အဖေ ဆက်ပြီးပဲ စုံစမ်းပေးရမလား
တကယ်ပဲ သူ့အဒေါ်ကြောင့်ဆိုတာသိရင် သူအဆင်ပြေပါ့မလား အဖေ ................

တိတ်ဆိတ်စွာပဲ ငိုကြွေးခဲ့တဲ့ Yg
Jin ရှိရာသို့ လှမ်းကြည့်တော့ ဒူးလေးထောက်လျက် ထိုင်နေသော Jin ကြောင့်

Yg - jin ထတော့ ​ခြေထောက်တွေနာမယ်

Jin.......

Yg - jin လေး ထပါကွာ နော် မနက်ဖြန်လည်း သွားရဦးမှာကို နော်

Clouds (Complete)Where stories live. Discover now