"အခုဘာဖြစ်တာလဲ.... ငါ့ကိုသေချာပြောပြ ဟုတ်ပြီလား"

"ဝမ်ရိပေါ်....ဝမ်ရိပေါ်ပေါ့... ဒီကောင်လေးကဆိုးပါတယ်.... ငါ့ကို.... စသလိုလို .... နောက်သလိုလိုတွေ လာလုပ်နေတယ်..."

ရှောင်းကျန့် အရူးတစ်ယောက်လို ငိုပြီး ပြောနေပုံအရ ဝမ်ရိပေါ် ထွက်သွားလို့များလားဟု ဟုန်ပေါင်းထင်မိသည်။

"သူက စနေတာလား မင်းကို"

ဟုန်ပေါင်း ဝမ်းနည်းဝမ်းသာ​ဖြစ်နေပြီ။ ရှောင်းကျန့် အတွက်ဝမ်းနည်းလို့ ဝမ်ရိပေါ်ကိုပြန်လာစေချင်ပေမဲ့.... သူ့အတွက်အခွင့်အရေးဖြစ်လို့ ဝမ်ရိပေါ်ကိုပြန်မလာစေချင်ပြန်ဘူး။

"အင်းပေါ့.... ဟုတ်တာပေါ့... ငါ့ရဲ့ဝက်ပေါက်လေးက ငါ့ကိုစနေတာ"

"ရှောင်းကျန့် ငါပြောမယ် သူ စ နေမှန်းမင်းဘယ်လိုသိလဲ ပြော"

"ငါ မသိဘူး ငါဘားမှလည်း မပြောပြတတ်တော့ဘူး"

"ငါ အစတည်းက ပြောခဲ့သားဘဲ ရှောင်းကျန့်ရယ်..... ဒီကောင်လေးက အသိုင်းအဝိုင်းကြီးကလာတာ ငယ်သေးလို့စိတ်ကစားတာ...မင်းသူ့ကိုအရမ်းစိတ်မနှစ်နဲ့လို့....အခုတော့ကွာ tsk..."

"အဲ့လိုတော့လည်း.....မဟုတ်ပါဘူး ဟုန်ပေါင်းရာ သူက...သူက ငါ့ကိုအရမ်းချစ်တာ ငါသိတယ်"

"ဒါဆို သူ့ကိုငါတို့ဖုန်းဆက်ကြည့်ကြမယ်"

"ငါဆက်ပြီးပြီ...."

"ဘာပြောလဲ.... ဘာလို့ထွက်သွားတာတဲ့လဲ"

" .........."

"တွေ့လား.... မင်းမဖြေနိုင်ဘူး မဟုတ်လား.... ငါပြောတာ မှန်တယ်မဟုတ်လား ရှောင်းကျန့်.....ဟမ်... သူစိတ်ကစားပြီး မင်းဆီက သာယာမှုကိုတွေ့သွားတာပါလို့"

"တော်ပါတော့ကွာ.....တော်ပါတော့.... ငါ့ကိုစကားတွေနဲ့ ထပ်မနှိပ်စက်ပါနဲ့တော့ တောင်းပန်ပါတယ်"

ရှောင်းကျန့်လိုလူမျိုးက သူ့ရှေ့မှာ ချုံးပွဲချငိုတာ ဒါဟာပထမဆုံးဘဲ..... ရှောင်းကျန့် မျက်ရည်တစ်ပေါက်ကျတိုင်း ဟုန်ပေါင်းရင်ထဲမှာ ဝမ်ရိပေါ်ကိုသတ်ချင်စိတ်က တထောင်းထောင်း....။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now