Jin Hyung ကတော့ သူ့အလုပ်တွေကို YG hyung နဲ့ ထားခဲ့တယ်
Yg Hyung က သေချာမှာလိုက်တယ်
Yg - Jin လေး အလုပ်တွေက ငါတစ်ယောက်ထဲရတယ် အေးဆေးသွားတဲ့
Jin Hyung ကို အေးဆေးပြောပြီးမှာပေမယ့် ကျနော့်ကျတော့

Yg - Jk. Jin ကို ဂရုစိုက်ခေါ်သွား ဘာမှ မဖြစ်စေနဲ့ တခုခုဖြစ်လာလို့ကတော့ မင်းမလွယ်ဘူးနော်
ကျနော်စဥ်းစားမိသေးတယ်
ကျနော်နဲ့ Jin Hyung အချစ်ရေးမှာ ကူညီမယ့်သူတွေက Jin Hyung ကြောင့် ပိုကူညီနေတာလားလို့လေ ဘာလို့ဆို ကျနော့် ကလေးကြီးက ချစ်ဖို့ကောင်းတာကို

Jin - koo မင်းမောင်းတော့

ကျနော် Hyung ကို ကြည့်နေတုန်း Hyung မောင်းနေရာကနေ လမ်းဘေးထိုးရပ်ပြီး ကျနော့်ကိုမောင်းခိုင်းတယ်

Jk - ကိုယ့် ကလေး ပင်ပန်းသွားပြီမလား

Jin - ဘာ ဘာကို ကလေးလည်း koo နော် Hyung က koo ထက်ကြီးတယ်

Jk - Hyung က ကြီူပေမယ့် ကလေးကြီး 😁😁😁

Jin - ဟွန်​့ တော်ပြီ မောင်းတော့

Hyung မောင်းနေတုန်းက တိတ်ဆိတ်နေတဲ့ကားလေးက ကျနော့လည်း မောင်းရော တတွတ်တွတ်နဲ့ ရေပက်မဝင် စကားတွေပြောနေတဲ့ Hyung ကြောင့် အသံလေးတွေ ညံစီလို့

Busan က ကမ်းခြေက Hotel ကိုရောက်တော့ ဘေးက လူသားလေးက အိပ်ပျော်နေလိုက်တာများ နှစ်နှစ်ခြိုက်ခြိုက် စကားတွေပြောရတာ မောသွားလို့နဲ့ တူပါရဲ့

Hotel ဝန်ထမ်းတွေက ကားပေါ်က အထုတ်တွေ ချပေးပြီး hotel ထဲသို့ ကျနော်ကတော့ ကျနော့က ကလေးကြီးကိုချီပြီး ခေါ်သွားရတာပေါ့
ချီပြီးပြီးချင်း နိုးလာတဲ့ Hyung က

Jin - ဟင် Koo ရောက်ပြီလား ဘာလို့ချီထားတာလဲ ချပေး
Jk - မချပေးပါဘူး ဆက်အိပ် ကိုယ်ချီထားချင်လို့
Jin - ရှက်စရာကြီး ချပေးပါနော် Koo နော်
Jk - ကိုယ့်ကောင်လေး ကိုယ်ချီတာ ရှကိစရာမဟုတ်ဘူး ငြိမ်ငြိမ်လေး နေ

အဲ့လိုပြောလိုက်တော့ အရှက်ကြီးပြီး မျက်နှာကြီးဆိုတာ ရဲလို​့ သူ့မျက်နှာလေးကို ကျနော့်ရင်ခွင်ထဲ အတင်းအပ်ပြီး နေလေရဲ့ Hotel ဝန်ထမ်းတွေကတော့ ကျိတ်ပြီး ပြုံးနေလေရဲ့
ကျနော့် ကလေးကြီးကို အခန်းထဲရောက်တော့ အိပ်ယာပေါ် ဖြေးဖြေးလေးချပေးလိုက်တယ်
အဲ့အခါမှ စူပုတ်ပုတ်မျက်နှာလေးနဲ့ Hyung က ကျနော့်ကို ဘုကြည့်ကြည့်နေတယ်

Clouds (Complete)Where stories live. Discover now