ကျွန်တော် ချစ်ခင်ရသူတွေနဲ့ မခွဲချင်ဘူး...။
ယခုဆို ဆုလဲ့မ ကျွန်တော်တို့နှစ်ယောက်အနားမရှိတော့ပေ။နောင်ဆို ကျွန်တော့်အနားက သူ ပါထွက်သွားဦးမှာလား။ ဟင့်အင်း ငါ...ခွင့်မပြုနိုင်ဘူး နောင်ရိုး။ငါ့မှာ မင်းပဲရှိတာ။
"အား"
နောင်ရိုးဆီမှ အားဟူသော အော်သံကြောင့် ထိန်လင်း အတွေးတချို့ ပြယ်ကာ တစ်ကောင့်သားဆီ အကြည့်သို့ရောက်သွားရလေသည်။ လက်နှစ်ဖက်ဖြင့် ဗိုက်ကိုနှိပ်ကာ နေရာတွင် ထိုင်ချလိုက်သော နောင်ရိုးသစ်ကြောင့် ထိန်လင်းတစ်ယောက် ပျာပျာသလဲ ဖြစ်သွားရလေသည်။
"ဟေ့ကောင် မင်း ဘာ ဘာဖြစ်တာလဲ နောင်ရိုး"
"ဗိုက်အောင့်လို့ကွာ အား အောင့်လိုက်တာကွာ"
"ဘယ်နားက နာနေတာလဲ ချက်အထက်ကလား အောက်ကလား ဘယ်ဘက်လား ညာဘက်လား"
"မင်းကို ပြောရအောင် မင်းက ဆရာဝန်လား"
"ဆရာဝန်တော့ မဟုတ်ဘူးလေကွာ။ဒါပေမယ့် မင်းခံစားနေရတဲ့ ဝေဒနာကို သိရတော့ ငါက ဘာလုပ်ရင်ကောင်းမလဲ ကူပြီးစဉ်းစားပေးလို့ရတာပေါ့ကွ"
"အား..."
ညည်းသံ သဲ့သဲ့သာ ထွက်လာေတာ့သည်။ပြန်ပြီးမဖြေတော့ချေ။မျက်နှာလေးသည်လည်း ချက်ချင်းညိုးကာ သွေးမရှိသကဲ့သို့ ဖြူဖတ်ဖတ်ဖြစ်သွားေလသည်။"အား ဗိုက်က အရမ်းနာတယ်"
ဒုတိယအကြိမ် ညည်းညူသံလေးကြောင့်ထိတ်ထိတ်ပျာပျာဖြစ်သွားရသူက ထိန်လင်းဖြစ်သည်။ စောစောကမှ ခွဲခွါခြင်းအကြောင်းတွေးကာ ဒီကောင်နဲ့ မခွဲနိုင်ဘူးဆိုတာ ပိုသိလာခဲ့ရလို့လေ....။
"နောင်ရိုး ငါတို့ ဆေးပေးခန်း သွားကြမလား"
"ဟင့်အင်း နေပါကွာ မသွားချင်ဘူး။ငါ့ကို အိမ်ပဲပြန်ပို့ အိမ်ကျမှ လျက်ဆားလေး လျက်လိုက်ရင် ရပါပြီ"
"မင်း တကယ်ရော အဆင်ပြေရဲ့လားကွာ"
အလွန်မတန်ပင် ဗိုက်အောင့်သည့်ဝေဒနာကို ခံစားနေရသည် ထင့်။ မျက်နှာလေးမှာလည်း ဖြူဖတ်ဖြူရော်။နားသယ်စပ်ကလေးများတွင်လည်း ချွေးစလေးများ ထွက်နေသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-22(U+Z)
Start from the beginning