Epi.1

31 6 15
                                    

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်
အတိတ်ကအကြောင်းလည်း
ခေါင်းထဲအပြည့်ဘဲဟေ့
နာကျဉ်ပေမဲ့အားတင်းထားမင်းအနားမှာ
ရှိသင့်တယ်"

အတာသင်္ကြန်ထိုသီချင်းလေးကိုစတိတ်ပေါ်
မှာဟန်ပါပါနဲ့ဆိုနေသည်။အတာ့fanတွေ
ကတော့အားပေးနေကြသည်။ပြိုင်ပွဲအတွက်
ကောမင်းအတွက်ကောဒီသီချင်းကအထောက်အကူဖြစ်စေမှာပါ။

'ယခုပြိုင်ပွဲအတွက်အနိုင်ရသူကတော့
အတာ  သင်္ကြန်ဘဲဖြစ်ပါတယ်'

'ရေး ဖြောင်း ဖြောင်း'

လက်ခုပ်သီးသံများဆူညံသွားသည်။အတာ
လည်းအရမ်းပျော်လွန်းလို့မျက်ရည်တောင်
ကျမိသည်။

'ဂုဏ်ယူပါတယ်အတာ'

အတာအလုပ်လုပ်နေတဲ့Companyပိုင်ရှင်
ဦးမုဏ်းမြတ်သော်ကလာပြောသည်။သူ
companyအောင်မြင်နေတာကလည်းအတာ
ကြောင့်ပါ။အတာကသူ့companyရဲ့အဓိက
သရုပ်ဆောင် အဆိုတော်ဆိုလည်းမမှား။

'ကျေးဇူးပါBoss'

'ရပါတယ်ပိုကြိုးစားပါပိုအောင်မြင်ပါစေ'

'ဟုတ်ပေးတဲ့ဆုနဲ့ပြည့်ပါစေBoss'

'အင်းငါ့သားနဲ့မင်းနဲ့ကဘာတွေလည်း'

မင်းနေရောင်ခြည်အကြောင်းလာမေးတော့
အတာလည်းအံ့သြသွားသည်။အတာနဲ့မင်း
ကစီနီယာ ဂျူ နီယာထက်မပိုပါ။

'မင်းနေကအတာ့ရဲ့စီနီယာပါ'

'အေးစီနီယာဆိုစီနီယာလိုဘဲသဘောထား
တော်ကြာမင်းလူကြီးငါ့စီပြသနာလာရှာနေ
မယ်'

'ဟုတ်'

ဦးမုဏ်းမြတ်သော်လည်းပြန်သွားတော့အတာ
ထိုသူအကြောင်းအတွေးမိသည်။သူကသူဌေး
အတာကဆင်းရဲတာမဟုတ်ပေမဲ့အသင့်အတင့်နေနိုင်သူဖြစ်သည်။အတာကိုထိုသူရဲ့အကြွေး
ဆပ်ဖို့အတာကိုထိုသူနဲ့မိထွေးကပေးစားလိုက်
သည်။အတာကလည်းဝါသနာပါတဲ့အနုပညာ
အလုပ်ကိုလုပ်ထိုသူကတော့သူ့groupကို
ဦးစီးနေတာ။အတာထိုသူစီးကလွတ်မြောက်
ချင်သည်။အတာကိုထားခဲ့တဲ့အတာချစ်သူ
မြတ်နန္ဒကျော်ကိုလည်းစိတ်နာတယ်။ဒါပေမဲ့
သူ့ကိုချစ်နေသေးတယ်။ဒီအကြောင်းကိုထို
သူသိရင်အတာမလွယ်ပါ။

သေကၤတ သင်္ကေတWhere stories live. Discover now