-------------------------
Jk ကပြောတယ် သူ့ရဲ့ Hyung နဲ့ မိတ်ဆက်ပေးမလို့တဲ့ ကျနော့ ငြင်းရမလား ကျနော့်ရှေ့မှာ သူတို့ကိုတဲွဲပြီး မြင်ရမယ့် အဖြစ်ကို ကျနော် သည်းခံနိုင်ပါ့မလား
စိတ်ရဲ့ နောက်တစ်ဖက်ကလည်း သွားတွေ့သင့်တယ် အဲ့တာမှ Kim seok jin ဆိုတဲ့ သူအကြောင်း သိရမှာလေ တွေ့ကြည့်ရမှာပေါ့

Jk က သူဝင်ခေါ်မယ်ပြောတယ် ကျနော် ဘယ်လောက်ပဲ သူတို့အတွဲကို မြင်ရမှာကို သည်းခံနိုင်အောင် ကြိုးစားမယ်ပြောပြော ကားတစ်စီးထဲ စီးဖို့ ဆိုတာတော့ ကျနော် မဖြစ်နိုင်ဘူး
အဲ့တာကြောင့်ပဲ ကျနော် ကိုယ့်ဘာသာ လာဖို့ ရွေးလိုက်တယ်

ကျနော် ဆိုင်ိကိုရောက်တော့ သူတို့မရောက်သေးဘူး Jk နာမည်နဲ့ Booking ယူထားတာမို့ waiter လေး ခေါ်လာပေးတဲ့ ခုံမှာထိုင်စောင့်နေလိုက်တယ် သိပ်မကြာပါဘူး Jk လက်ကို တွဲပြီး ဝင်လာတဲ့ သူတို့နှစ်ယောက် ဆိုင်ထဲဝင်လာတာတောင် ပတ်ဝန်းကျင်ကို မမြင်သလို ဖြစ်နေပြီး သူတို့ချင်ူပဲ အကြည်ဆိုက် လမ်းလျောက့လာတာတွေ့တော့ကျနော့် ဒေါသတို့က တလိပ်လိပ်ဘတတ်လာတယ် ရှေ့မှာ ချထားတဲ့ ရေနဲ့သာ မျောချလိုက်ရပြန်တယ်

Jk ကိုတော့ စိတ်ပါလက်ပါ ပြုံးပြနိုင်ပေမယ့် Kim seok jin ဆိုတဲ့ လူကိုတော့ မပြုံးပြနိုင်ပေ ကလေးဆန်တယ်လို့ပဲ ပြောမလား ကြိုက်သလိ​ုပြောပါ ကို့ ချစ်ရသူကို အပိုင်ယူဖို့ကြိုးစားနေတဲ့သူကိုတော့ မကြည်ဖြူနိုင်

ကျနော်ကသာ မပြုံးပြဖြစ်တာ အဲ့လူကတော့ အပြုံးမပျက် သေချာကြည့်မိတော့ ဖြူဖွေးနူးညံ့တဲ့အသားရေ သွေးကြောစိမ်းလေးများနဲ့ နူးညံ့တဲ့လက်လေး အပြုံးလေးကလည်း ချိုသာသလို နှုတ်ခမ်းလေးကလည်း ဖူးဖူးလေး
ကိုယ့် အချစ်တော်ကြီး Jeon Jung kook ကြွေလည်း ကြွေချင်စရာပဲလေ

ကျနော်ကြည့်နေတုန်ူမှာပဲ

Jin - ကျနော်က Kim Seok jin ပါ Koo ရဲ့

Tae - ဟုတ်ကဲ့ ကျနော်က Kim Tae Hyung ပါ

Koo တဲ့လား Kim seok jin ဆီက Koo လို့ ခေါ်သံကြားတော့ ကျနော် မနာလိုဖြစ်မိသေးသည်
သူ့ကိုယ်သူ Jk ချစ်သူ ဖြစ်ကြောင်း မပြောလာခင် ကျနော်ကပဲစကားဖြတ်ကာ ပြန်နှုတ်ဆက်ခဲ့တယ်

Clouds (Complete)Where stories live. Discover now