မြူနှင်းလိုမျိုး ဖြူဖြူအငွေတွေဖုံးလွမ်းနေတဲ့နေရာ
ရုတ်တရပ်အတွေးထဲ၀င်လာတာက 'ငါဘယ်ရောက်နေတာလဲ
ဒါကဘယ်နေရာလဲ'
မကြာခင် အဝေးက စကားပြောသံတွေကိုကြားခဲ့ရသည်
ထိုစကားပြောသံတွေရှိရာနေရာသို့ရောက်သောက်အခါ
လက်ပျံကြိုးတုတ်ပြီး သွေးသံတရဲရဲနှင့် ထိုင်နေသာလူတစ်ဦး
၀တ်စားထားပုံမှာ ဂျိုဆွန်းခေတ်စွန်းစွန်း အပစ်သားများ
၀တ်ဆင်သော အဖြူရောင်၀မ်းဆတ်ကို၀တ်ဆင်ထားသည့်
ထိုလူကို စည်းအတွင်းထဲမှာထားသည်
စည်းအပြင်တွင် ရိုးရာအ၀တ်အစားများတွင်မှ
သာမန် လူတန်းစားများ၀တ်ဆင်သော အ၀တ်အစားကို
၀တ်ဆင်ထားသော လူတစ်စုမှ ထိုင်နေသော ထိုသူအား
ခဲဖြင့်ပစ်ပေါက်နေကြသည်
ထိုအခြင်းအရာကိုမြင်သည်နဲ့ သူသည် အားလုံးအားတားရန်ပြင်လိုက်သည်
သို့သော် သူ၏ ခြေလက်များသည် လှုပ်မရ
ထပ်ကြိုးစားကြည့်သည် သို့သော်အဖြေကား
အရင်အတိုင်းလှုပ်မရခဲ့ သူသည် စည်းအတွင်း၌ထိုင်နေသော
သွေးသံရဲရဲဖြင့်လူအား သနားသော
မျက်၀န်းများဖြင့်ကြည့်နေမိသည် များမကြာမှီ သူ၏
မျက်လုံးအတွင်းမှ မျက်ရည်တို့ ယိုစီး ကျလာလေသည်
အဘယ့်ကြောင့်ဤသို့ဖြစ်ရခြင်းကိုသူမသိ
သူသိသည်မှာ ထိုင်နေသော သူသည် သူနှင့်ပတ်သတ်မှုရှိခဲ့လောက်မည် ဟုသာတွေးမိခဲ့သည်
သိုသော် ထိုအချိန်တွင်
စည်းဝိုင်းအတွင်းမှ လက်ပျံကြိုးတုတ်ခံရကာ ထိုင်နေသော ထိုလူသည် သူ့အား ကြည့်လာခဲ့သည်
ထိုသူ၏ မျက်၀န်းထဲတွင်သူ့အား သတိရခြင်း လွမ်းဆွတ်ခြင်းနှင့်
နှစ်သက်ချစ်ခင်ခြင်းများပါ၀င်နေသည် သိုသော်ထိုလူအား
ခေါင်းဖြတ်သတ်ရန် လူကောင်ထွားထွားသန်သန် ဖြစ်သော လူကြီးတစ်ဦး စည်းအတွင်းသို ဓားအားကိုင်၍
၀င်လာလေသည် သူသည် ထိုင်နေသာထိုလူအားပြောရန်
ပြင်လိုက်ပေမဲ့ သူ၏အသံမှာမထွက်ခဲ့
များမကြာမှီအချိန်တွင် ဓားကိုင်ထားသောသူသည် ထိုလူအား
ဓားဖြင့် ခုတ်သတ်လိုက်ရာ ထိုသူ၏ခေါင်းနှစ်ခန္ဓာကိုယ်သည်
သပ်သပ် စီဖြစ်သွားလေ၏
""အား!!!!!!!""
အိမ်မက်ဆိုးမက်၍ ဂျီမင်နိုးထလာခဲ့သည်
ထို့အတူအတွေးသူ၏အတွေးမှာ သူမက်ခဲ့သောအိမ်မက် တွင်သာရှိနေသည်
မကြာမီဂျီမင်သည် ပျင်းရိစွာပြောလာသည်
"" တော်ပါပြီကွာ အိမ်မက်ပဲတကယ်လဲမဟုတ်ဘူး မနေ့ညက နန်းတွင်းကားကြည့်လိုက်တာကြောင့်ပဲနေမှာပါ ""
ဂျီမင်သည် ကျောင်းသွားရန် သွားတိုက်မျက်နှာသစ် အ၀တ်အစားလဲကာ အိမ်အောက်သိုဆင်းလာလေသည်
ဂျီမင်သည် သူ၏ မိဘနှစ်ပါး ၊ အဖွားနှင့်အတူနေသည်
ဂျီမင်သည် လိမ္မာသောကလေးတစ်ယောက်မဟုတ်သော်လည်း ဆိုးသွမ်းသော သူများထဲတွင်လဲသူမပါ ဂျီမင်သည် လူကြီးမိဘများအားယဉ်ကျေးသည် သို့သော်သူငယ်ချင်းများကြားတွင်လည်း play boy ဆိုသော နာမည်ဆိုးနှင့်ကျော်ကြားလေသော်ညားလဲ ဂျီမင်အား
သားသမက်တော်ချင်သော မိသားစုမှာအများအပြားပေ။
တစ်နေ့တစ်ပိုင်းစီ update လုပ်ပေးပါ့မယ်ဗျ
#Purple Angle
YOU ARE READING
Story of jikook
Fanfictionပျော်ပျော်ပါးပါး တက္ကသိုလ် တက်နေသော ဂျီမင်ဆိုသည့်ကောင်လေးတစ်ယောက်မှာ မိမိ၏အရင်ဘ၀ကအကြောင်းတွေကို အိမ်မက်အဖြေစ်နှင့်သိလိုက်ရသောအခါ
