"ဖြေနိုင်ပါတယ် ငါတို့က.. ဒါနဲ့ နင်က ဘာလို့အစောကြီးထွက်ရတာလဲ"

"ဖင်ပူအောင် ထိုင်မနေချင်ဘူးဟာ မြန်မြန်ဖြေ၊ မြန်မြန်ထွက်တာပဲ ‌ကောင်းတယ်"

"စာရော ပြန်စစ်ခဲ့ရဲ့လားကွာ"

နောင်ရိုးအမေးကိုတော့ သူ ပြုံးပြရင်း ခေါင်းညိတ်မိပါသည်။ကျေနပ်လောက်ပြီဆိုမှ ထွက်လာခဲ့တာလေ...။အရာရာကို စိတ်မရှည်တတ်သလို၊စောင့်ဆိုင်းနေရတာကိုး ထိန်လင်းမကြိုက်ပေ။

"ဟာ...ငါ့စက်ဘီးကို လေမထိုးမိဘူးနဲ့တူတယ်ဟ ပြားကပ်နေတာပဲ ဒုက္ခပါပဲကွာ ဘီးများပေါက်သလား"

နောင်ရိုးသစ်၏ စိတ်ပျက်လက်ပျက်ပြောသည့် အသံလေးကြောင့် ထိန်လင်း လှစ်ခနဲပြုံးလိုက်မိပါသည်။တရားခံ ဘယ်သူလဲတော့ မေးမည်မထင်။ မတတ်နိုင်ဘူးလေ....။
ကိုယ်မသိတဲ့အတိုင်း ဟန်ဆောင်ရမှာပဲ။

"ဘာဖြစ်လို့လဲကွ.."

"နောက်ဘီးလေ ဘီးပေါက်သွားတာလား မသိဘူးကွာ ပြားကပ်နေတာပဲ ဘယ်လိုစီးလို့ရပါ့မလဲ မသိတော့ပါဘူးကွာ.."

နောင်ရိုး၏ စိတ်ပျက်လက်ပျက်အသံကြောင့်ပင် အရာရာစပ်စုတတ်သည့် ဆုလဲ့နှင်းက

"မနက်ကမှ လေတွေရှိပါတယ်ဟယ် ငါတောင်အမှတ်တထင်ကြည့်မိသေး ဘယ်ကကောင်တွေ လက်ကကမြင်းကြောထသွားမှန်းမှ မသိတာ.."

"ထားလိုက်ပါတော့ဟာ...ဒီလိုပြောနေလို့တော့လည်း စက်ဘီးက ကောင်းလှမှာမှ မဟုတ်တာ"

"မင်းစက်ဘီးထားခဲ့‌ ငါ့နောက်ကပဲလိုက်ခဲ့တော့
ငါတို့ ရွာကပြန်ထွက်လာရင် မှောင်မှာဆိုးရတယ်ကွ....ပြန်လာမှ ကိုဖိုးဝကြီးဆိုင် သွားပြန်ရအောင်ကွာ"

"အေးပါကွာ ဒီလိုပဲလုပ်ရမှာပေါ့"ဟုဆိုကာ ထိန်လင်း၏ စက်ဘီးကယ်ရီယာနောက်ခုံလေးပေါ်သို့ စွေ့ခနဲ‌ေရာက်လာ‌ေလသည်။ထို့နောက် ထိန်လင်းအောင်သည် သွက်လက်လှသော ခြေလှမ်းများဖြင့် ရွာလေးဆီသို့ နင်းလာခဲ့သည်။

"မင်း...စက်ဘီးက ဘီးပေါက်သွားတာနေမယ်"

"အေးကွာ မနက်ကတည်းက အကောင်းပါ
ပြန်ခါနီးမှပဲ ဘယ်ကောင် လက်ကမြင်းကြောထသွားတာလဲ မသိဘူး.."

ခွင့် (Unicode+Zawgyi)Where stories live. Discover now