One Week

21.7K 996 13
                                    

~ဘဝ~

~အနာဂတ်~

~အိမ်မက်~

ကျွန်တော့်အတွက် အဲ့အရာတွေက ရိုးရှင်းမှုမရှိတဲ့ အခြေအနေတွေနဲ့ပြည့်နှက်နေတာတွေပါ

~အညတရ ဘဝ~

~ခက်ခဲကြမ်းတမ်းတဲ့ အနာဂတ်~

~ဖြစ်ခွင့်မရှိတဲ့ အိမ်မက်~

ဒါတွေနဲ့သာ ပြည့်နှက်နေခဲ့တဲ့ ကျွန်တော့်အဖြစ် ခံပြင်းစရာရယ်ပါ ဘယ်လိုမှမတတ်သာတဲ့ဘဝကြီးထဲမှာ ကျင်လည်ခဲ့တာလဲ လပေါင်း ရက်ပေါင်း မနည်းတော့ပါဘူးလေ ဒီလိုဆိုလည်း ဘယ်လိုမှငြင်းပိုင်ခွင့် ရှောင်ရှားပိုင်ခွင့်မရှိတဲ့လူသားတစ်ယောက်အဖြစ် ရှင်သန်ရဦးမယ် ပထွေးဖြစ်သူရဲ့ အလောင်းကစားကောင်းမှုနဲ့ ဘဝမှာ တစ်ခါမှတောင် မထိတွေ့မကိုင်တွယ်ဖူးတဲ့ ဝမ်သိန်းငါးရာ ဆိုတဲ့ အကြွေးနဲ့အတိုးတွေက လည်ပင်းနစ်နေပြီ သူဆုံးသွားတော့လဲ ကျွန်တော်တို့မိသားစုအပေါ် တင်ကျလာတဲ့ အကြွေးဆိုတဲ့ ဝန်ထုပ်ကြီးကိုဆက်လက်ထမ်းပိုးရဦးမယ်လေ

''lu''

bar counterက ဖန်ခွက်တွေတိုက်ကာ ကိုယ့်အဖြစ်ကိုယ်တွေးတောမိနေရင်းက နောက်ဖက်ဆီမှကြားလိုက်ရသောအသံ

ထိုအသံကိုကြားလိုက်တော့ လက်မွှေးခြေမွှေးလေးတွေထောင်ပြီး ကြက်သီးတွေကလဲ ဖြန်းကနဲ...

နှလုံးနေရာက ဒိန်းကနဲဆောင့်တက်သွားမှုနဲ့အတူ တံတွေးကိုအသာမျိုချလိုက်ရင်း နောက်ကိုမဝံ့မရဲလှည့်ကြည့်လိုက်တော့ ခါးတစ်ဝိုက် သိုင်းဖက်လိုက်တဲ့ သူ့ရဲ့အထိအတွေ့လေးနဲ့အတူ ကျွန်တော့်ရဲ့ နှုတ်ခမ်းနေရာလေးကလဲ ခပ်နွေးနွေးလေးဖြစ်သွားတယ်

~သူ ကျွန်တော့်ကိုတွေ့တာနဲ့ ဒါပဲလုပ်ဖို့စိတ်ကူးနေလားပဲ~

ယောကျာ်းတစ်ယောက်အတွက်တောင် ပျော်တော်ဆက်လုပ်နေရတဲ့ ငါ့အဖြစ်ကလဲ မသေးပါလား luhan ရယ်

''အရမ်းလွမ်းနေတာ သိလား အလုပ်တွေပြီးပြီးချင်း ရောက်လာတာ ကိုယ့်ကိုရော မလွမ်းဘူးလားဟင်''

ကျွန်တော့်ကို လွမ်းတယ်တဲ့ သူနောက်နေတာလား အပျော်သဘောမျိုးပြောနေတာလား ကျွန်တော်နားမလည်နိုင်

Love Affair(HH)Hikayelerin yaşadığı yer. Şimdi keşfedin