သူရုပ်က ညိုချောပဲ
မြင်သူငေးလို့မဝတယ်×××
စကားလေးပြောပုံလေးက တကယ်ကို ချစ်စရာလေး
မြင်မြင်ချင်းကို ချစ်မိပြီ
တကယ်ပါ အလှဆုံးသူရယ်×××××××သကောင့်သားထိန်လင်း ဆိုမှပင် သီချင်းအားမှတ်မိလေသည်။ ဗလ၏ ဘယ်သူဖန်ဆင်းပေးတာလဲဆိုသည့် သီချင်းဖြစ်သည်။
ပထမအပိုဒ်ငယ်လေးပြီးသည်နှင့် ထိန်လင်းလက်ထဲမှ မိုက်ခ်သည် ကျွန်တော်လက်ထဲသို့ ရောက်လာလေသည်။ ဘာမှမစဉ်းစားချင်တော့။ ရနေပြီးသား သီချင်းမို့ ဆိုလိုက်လေသည်။
နှုတ်ခမ်းပါးလေးက အရဲလေး
နှုတ်ခမ်းနီ ဆိုးသလားကွယ်××××
ပါးလေးက အို မို့မို့
တကယ်ကို ချစ်စရာလေး×××××
မြင်မြင်ချင်းကို ချစ်မိပြီ
တကယ်ပါ အကြင်နာဆုံးသူရယ်×××××ကျန်ရှိသည့် အပိုဒ်အား နှစ်ယောက်အတူဆိုလေသည်။ တစ်ခဏတော့ ကျွန်တော့်၏ စိတ်ညစ်မှုတို့ ပြေပျောက်ကာစိတ်သက်သာရာရလေသည်။
သီချင်းသီဆိုမှုများ ပြီးသည်နှင့် "တိုက်ပွဲခေါ်သံ"ဆိုသည့် ဇာတ်ကားအား ပြသလေသည်။
ရင်တွေက တဒိတ်ဒိတ်ခုန်နေဆဲ။
အခုန်မြန်နေသော ရင်အား လက်ကလေးနှင့်ဖိထိန်းကာ ပြသလျှက်ရှိသည့် ဇာတ်ကားဆီသို့ အကြည့်တို့စုစည်းလိုက်ရလေသည်။******************
နောက်တစ်နေ့ မနက်တွင် အမေနှင့် ဦးလှမောင်တို့သည် ရွာထဲမှလူကြီးအနည်းငယ်နှင့် မင်္ဂလာပွဲအား အကျဉ်းချုံး ကျင်းပကြေလသည်။
နောင်ရိုးသစ် ဘဝင်မကျတော့လည်း အမေ့အား စိတ်မဆင်းရဲစေချင်၍ အပြုံးမပျက်နေ နေခဲ့ရသည်။
ညနေပိုင်းတွင် ဦးလှမောင်သည် နောင်ရိုးသစ်တို့ သားအမိနှစ်ယောက်နေထိုင်သော မြေစိုက်အိမ်လေးဆီသို့ အဝတ်ထုပ်များနှင့်အတူ ရောက်လာသည်။ဦးလှေမာင်၏ သမီးဖြစ်သည့် ဖြူနှင်းဖွေးဆိုသည့် ခပ်ငယ်ငယ်ကောင်မလေးပါ ပါလာခဲ့လေသည်။ထိုအချိန်မှစ၍ ဦးလှမောင်နှင့်ဖြူနှင်းေဖွးတို့သည် နောင်ရိုးသစ်တို့အိမ်လေး၏ မိသားစုဝင်များ ဖြစ်လာတော့သည်။
ဦးလှမောင်ဆိုသူ ရွာ၏ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သည်။ဇနီးဖြစ်သူဆုံးပါးသွားသည်မှာ နှစ်နှစ်မျှသာရှိသေးသည်။ထို့အပြင် သီဟနိုင်၏ ဦးလေးအရင်းလည်းဖြစ်သည်။သိပ်သဘောမကျမိပေမယ့် အမေ့ကြောင့် အလိုက်အထိုက်နှင့် ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-20(U+Z)
Start from the beginning