Part-20

6.3K 585 10
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-20

Zawgyi


  "ရှောင်ကျန့်"

  ဟင်.....

  ခြံထဲကိုဝင်မည်အလုပ် အနောက်ဘက်ဆီမှ ခေါ်သံကြောင့် ရှောင်ကျန့် လှည့်ကြည့်မိတော့ ကုကျားရန် ဖြစ်နေ၏။ ဝမ်စံအိမ်တော်မိသားစုဝင်တွေနှင့် ပြဿနာဖြစ်ရသည့်နောက်ပိုင်း ကုကျားရန်ကို သူငယ်ချင်းအဖြစ်ကနေ တစ်ဖက်သတ်ဆန်စွာပင် သူ့ဘက်ကနေ ရပ်စဲခဲ့သည်။ ကုကျားရန်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်မို့ စိတ်ထဲမကောင်းဘဲ အားနာနေမိ၏။

  "ရှောင်ကျန့်"

  "ကုကျားရန်"

  "စာမေးပွဲဖြေနိုင်ရဲ့လား၊ အဟွန်း...မေးသာမေးရတာပါ စာသင်ခန်းထဲမှာ မင်းက စာအတော်ဆုံးကျောင်းသားပဲဟာ၊ မင်းဖြေနိုင်မယ်ဆိုတာ ကိုယ်သိနေပြီးသားပါ ရှောင်ကျန့်"

  "ဖြေနိုင်ပါတယ် ကုကျားရန်၊ မင်းရော"

  "ကိုယ်လည်း ဖြေနိုင်ပါတယ်"

  ရှောင်ကျန့် ညင်သာစွာပင် ခေါင်းလေးညိတ်မိ၏။

  ထို့နောက်.....

  ကုကျားရန်နဲ့သူ့ကြား ပြောစရာစကားလုံးတွေ ရှားပါးသွားသလိုပင် တိတ်ဆိတ်သွားရပြန်သည်။ ဘာ့ကြောင့်မှန်း မသိ။ စိတ်ထဲ အနည်းငယ် ရှိန်နေမိ၏။ အရင်ကဆို သူနဲ့ကုကျားရန်ဆိုတာ နားလည်မှုအရှိဆုံး တတွဲတွဲနေခဲ့ကြသည့် သူငယ်ချင်းတွေပင်။ မုချန်းယီရဲ့ တိုင်ကြားချက်ဖြင့် မိသားစုဝင်တွေရဲ့ စွပ်စွဲမှုတွေကြား သူငယ်ချင်းဆိုသည့် အဖြူရောင်စည်းလေးက ရှေ့မဆက်နိုင်ဘဲ ရပ်တန့်သွားခဲ့ရသည်။

  စာသင်ခန်းထဲတွင် တွေ့မြင်နေရပေမယ့် မခေါ်မပြောဖြစ်ကြ။ ကျောင်းပိတ်ရက်တွေကြောင့်ရော Daddyမျက်လုံးတွေ ခွဲစိပ်ကုသလို့ ဆေးရုံတစ်ဖက် ပြေးနေရသည်ကြောင့် အလုပ်တွေရှုပ်ကာ ကုကျားရန်ကို သူ့စိတ်ထဲကနေ လုံးလုံးလျားလျား မေ့လျော့နေခဲ့မိ၏။

  "ရှောင်ကျန့်"

  "ပြောလေ ကုကျားရန်"

  "ကျေးဇူးတင်ပါတယ်"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now