ပျော်ရွှင်နေတဲ့ ဘဝနှစ်ခုအတွက် တစ်စုံတစ်ယောက်ကတော့ ချောင်တစ်ချောင်မှာ ပြိုလဲနေပေးရတာပါပဲ ...

"Soo ya အမေ့ကိုသိပ်မုန်းတာသိပါတယ်။ ဒါပေမယ့် အမေသူ့ကိုချစ်တယ်"

ညသုံးနာရီ၊ ကော်ဖီဆိုင်ထဲက အမှောင်ထဲမှာ အသက်ရှုရုံထိုင်နေတဲ့သမီးဖြစ်သူကို ခပ်တိုးတိုးပြောတော့ Jisoo က သူမကိုကြည့်မလာဘူး။ ဘယ်ကစမှားသလဲဆို ယောက်ျားတစ်ဦးကိုလက်ထပ်ခဲ့ရာကနေ စမှားပါတယ်။ ဒါပေမယ့် Jisoo ကို မွေးဖွားလိုက်ရလို့ Mrs Kim ဟာ နောင်တမရခဲ့ဘူး။ ဘဝရဲ့ လေးပုံနှစ်ပုံကို အမျိုးသားနဲ့သမီးအတွက် ပေးဆပ်ခဲ့ပြီး လက်ကျန်အချိန်တွေကို တစ်စုံတစ်ဦးအနားမှာရှင်သန်ခဲ့ချင်ရုံပါ။

"အမေ ... ကျွန်မကိုထားခဲ့တာ နောင်တရလားဟင်"

အမေ့ကိုမေးတော့ အမေဟာ မျက်ရည်တွေရစ်သိုင်းလာပြန်တယ်။ ဆိုင်အပြင်ကိုကျောခိုင်းထိုင်ထားတဲ့သူမက၊ ဆိုင်အပြင်ကိုမျက်နှာမူထားတဲ့ အမေ့ကို အပြင်ကမီးရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

"နောင်တရဖို့တောင် နောင်တတွေမကျန်ခဲ့ပါဘူး Jisoo ရယ်"

"အမေ ... ပျော်နေခဲ့သလားဟင်။ သမီးနဲ့အဖေ့ရဲ့အဝေးမှာ အဲ့တစ်ယောက်နဲ့ အမေ တကယ်ပျော်သလား။ အမေလိုချင်တဲ့ပျော်ရွှင်မှုကို ရခဲ့လို့သာ ပြန်မလာခဲ့တာပေါ့ ဟုတ်သလား"

ငိုဖို့အားတွေ ကုန်ခမ်းသွားသလို ရုပ်သေးကြိုးပြတ်ဖြစ်တည်မှုမျိုးနဲ့ Jisoo မေးတော့ အမေက ခေါင်းခါပြတယ်။

"သူရော အမေရော တစ်ရက်ကလေးမှ မပျော်ခဲ့ပါဘူး။ ဒါပေမယ့် ကျေနပ်ခဲ့တယ်"

အမေ မပျော်ခဲ့ဘူးဆိုတာသိရတော့ Jisoo ဖြင့် ဝမ်းသာလိုက်တာ။ သူမနဲ့အဖေ့လိုပဲ အမေမပျော်ခဲ့ဘူးဆိုတာသိရတော့ Jisoo ပျော်လိုက်တာ။

"အခုရော ဘာလာလုပ်တာလဲ? သူ့အတွက်ဆေးဖိုးလာတောင်းတာလား?"

အမေ့ခေါင်းတွေ ငိုက်ကျသွားတယ်။ ကမ္ဘာပြိုတစ်ခုကို ထမ်းထားရတဲ့ လေးလံမှုမျိုးနဲ့ အမေ့ခေါင်းတွေ ငိုက်ကျသွားတာ ...

"သူဆုံးသွားတာကြာပြီ"

အမေ့စကားသံမှာ Jisoo နှုတ်ခမ်းဖျားတွေတုန်သွားတယ်။ တုန့်ပြန်ရမယ့် သွေးကြောတွေမလှုပ်ရှားတော့ဘူး။ တဖောက်ဖောက်ကျလာတဲ့ အမေ့မျက်ရည်တွေကိုမြင်တော့ တစ်နေရာရာကို ပြေးလွှားသေချင်စိတ်တွေဖြစ်လာတယ်။ ခြေဖျားတွေကိုကုပ်ထားလိုက်မိတယ်။ ဒီနေရာလေးမှာတင် ပျောက်ကွယ်သွားချင်စိတ်တွေထပ်ဖြစ်လာတယ်။

ချည်တိုင်Where stories live. Discover now