"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဝမ်ပါးလိုက်ဖို့အထိတော့ မလိုလောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ တွေ့ပီးသေချာတောင်းပန်လိုက်ပါ့မယ်"
"အဲဒါဆိုလည်း ငါလိုက်မယ်"
"မင်းကဘာလိုက်လုပ်မှာလဲ ဝမ်ရိပေါ်!"
"မရဘူး ငါမလိုက်ရဘူးဆိုရင် မင်းလည်း အဲဒီလူကိုသွားမတွေ့ရဘူး"
"သဘောပဲ လုပ်ချင်ရာသာလုပ်"
မနက်စာထမင်းဝိုင်းတွင် ဘာစကားမှဝင်မပြောခဲ့သည့် မားကိုတော့ ရှောင်ကျန့်ဘက်ကလည်း အကြည့်ချင်းဆုံရန်တောင် မကြိုးစားခဲ့မိသလို မားကလည်းထိုနည်းလည်းကောင်းသာ ဖြစ်ခဲ့သည်။
-------------------------------------------------------
မင်္ဂလာပွဲပျက်ပီး တစ်ပတ်အကြာတွင်တော့ ဟန်ရှင်းကောနှင့် ပထမဆုံး ဆုံခဲ့ဖူးသည့် ကော်ဖီဆိုင်တွင်သာ တွေ့ဆုံရန်ချိန်းဆိုလိုက်မိသည်။ ထို့နောက် သူနှင့်ဝမ်ရိပေါ်မှာ ချိန်းဆိုထားသည့်နေရာသို့ အတူထွက်လာခဲ့ကြသည်။ သူ့ဘေးတွင် ကားမောင်းနေသည့် ဝမ်ရိပေါ်က မျက်နှာထက်မှ သူထိုးထားသည့်ဒဏ်ရာများကိုလည်း ဆေးလိမ်းခြင်းအလျဉ်းမရှိ ဒီအတိုင်းထားထားသဖြင့် ရှောင်ကျန့်မှာ ဒေါသထွက်မိရသေးသည်။
'ဒါသပ်သပ် ငါထိုးထားတာကို လူသိအောင်လုပ်ထားတာ။ မားနဲ့ ဝမ်ပါး အရှေ့မှာ သူ့ကိုယ်သူသိပ်သနားစရာကောင်းပါတယ်ပေါ့။ မတရား အထိုးခံလိုက်ရပါတယ်ပေါ့။ အခုအချိန်ထိ ဒဏ်ရာတွေတောင် မပျောက်သေးဘူးဆိုပီး သပ်သပ်လုပ်ပြနေတာ။ စိတ်ရှိတိုင်းဆို ထပ်ပီးတော့တောင် ဆွဲထိုးချင်တယ်။ အခုလည်း အဲဒီမျက်နှာနဲ့ ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ဖို့အတွက် တမင်ကြံစည်ပီး လိုက်လာတာပဲနေမှာ'
အတွေးတွေဖြင့် ဒေါသထွက်နေတုန်း စီးလာသည့်ကားလေးမှာ ကော်ဖီဆိုင်သို့ပင်ရောက်နေပီဖြစ်သဖြင့် သူဆင်းလိုက်သောအခါ အတူလိုက်ဆင်းရန်ပြင်နေသော ဝမ်ရိပေါ်အား
"ကားပေါ်မှာပဲစောင့်နေ။ အထဲအထိလိုက်ခဲ့ရင်တော့ တကယ်ငါ့အဆိုးမဆိုနဲ့ ဝမ်ရိပေါ်"
ပြောပီးသည်နှင့် ကားပေါ်ကဆင်းလာသည့်အခါ အနောက်မှလိုက်မလာတော့သည့် ဝမ်ရိပေါ်ကြောင့် အနည်းငယ်တော့ စိတ်ကျေနပ်မိသွားရသည်။ ဆိုင်ထဲသို့ဝင်သည့်အခါ ကြိုတင်ကာရောက်နေပီသော ဟန်ရှင်းကောကိုတွေ့ရသဖြင့် သူလည်းထိုနေရာသို့သွားလိုက်ကာ
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 26
Start from the beginning
