"ကောင်းပီ အဲဒါဆိုရင်လည်း သားအဆင်သင့်ဖြစ်တဲ့ အချိန်မှပဲ မားတို့ဆွေးနွေးကြတာပေါ့"

ထိုနေ့က ရှောင်ကျန့်မှာ ညစာလည်းဆင်းမစားဖြစ်ဘဲ တစ်ညလုံးအခန်းသာအောင်းနေမိခဲ့သည်။ နောက်တစ်နေ့ မနက်စာထမင်းဝိုင်းသို့ သွားသည့်အခါတွင်တော့ မျက်နှာထက်ဝယ်ဒဏ်ရာဒဏ်ချက်ပေါင်း များစွာဖြင့် ထိုင်နေသည့် ဝမ်ရိပေါ်ကိုတွေ့လိုက်ရသော်လည်း မသိချင်ယောင်သာဆောင်နေမိလိုက်သည်။ မနက်စာ စားနေချိန်တွင် ဝမ်ပါးက သူ၏အခြေအနေကိုအကဲခတ်နေပီးမှ

"သားကျန့် အဆင်ပြေရဲ့လား? မနေ့က သားတို့အဖိုးက ပါးနဲ့မားကိုသားတို့နှစ်ယောက်ကိစ္စကိုတော့ပြောသွားတယ် အဲဒါ ပါးကတော့ မင်းသဘောကိုသေချာမသိလို့"

"ကျွန်တော်ရဲ့သဘောက ဥက္ကဋ္ဌကြီး သဘောအတိုင်းပါပဲ"

"ကောင်းပီလေ အဲဒါဆိုရင် သားတို့အဖိုးက မင်္ဂလာကိစ္စကိုနှစ်လအတွင်း စီစဉ်ခိုင်းထားလို့ လိုအပ်မယ်ထင်တာတွေကို ပါးစီစဉ်လိုက်တော့မယ်နော်"

"အသိပေးစရာရှိတယ်"

"အင်း ပြောလေ"

"ဟန်ရှင်းကောကို ကျွန်တော်လူကိုယ်တိုင်သွားတွေ့ပီး တောင်းပန်မလို့"

"ဘာကိစ္စအဲဒီလူနဲ့ ထပ်တွေ့နေဦးမှာလဲ ရှောင်ကျန့်!! မတွေ့ရဘူး!!"

ဟန်ရှင်းကောနှင့်တွေ့မည့်အကြောင်းအား သူပြောလိုက်သည့်အခါ ဒေါသတကြီးဖြင့် ချက်ချင်းပင်ထပီး ကန့်ကွက်နေသည့် ဝမ်ရိပေါ်ကြောင့်

"ဝမ်ရိပေါ် မင်းကိုငါပြောနေတာမဟုတ်ဘူး။ နောက်ပီး ငါကအခု ခွင့်ပြုချက်တောင်းနေတာလည်းမဟုတ်ဘူး အသိပေးနေတာ"

"ရိပေါ် မင်းဝင်မပြောနဲ့ ပါးပဲပြောမယ်"

"ဒါပေမဲ့ ပါး.."

"ဝမ်ရိပေါ်!"

"သားကျန့်တွေးတာမှန်ပါတယ်။ မင်္ဂလာပွဲမှာ ရုတ်တရက်ကြီး သားကျန့်ပျောက်သွားတော့ သူလည်း အတော်စိတ်ပူသွားခဲ့ရတာ။ နောက်ပီး ကိုယ့်ဘက်ကပျက်ကွက်ခဲ့တာဆိုတော့ သေချာပေါက် ကျေနပ်အောင်တောင်းပန်ရမှာပေါ့။ လိုအပ်ရင် ပါးလည်းလိုက်တောင်းပန်ပေးမှာမို့လို့ အချိန်မရွေးပြောပါ"

Meet Point Of Parallel Lines Where stories live. Discover now