အချစ်နှင့် ပင်လယ်

Start from the beginning
                                    

ပထမတော့ ခိုင်ခံ့မောင် နောက်နေတာလို့ ထင်ခဲ့ပေမယ့် အခု သူ့ပုံစံက နောက်ပြန်လှည့်မည့်ပုံမပေါ်။

လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပေါက်နေသော အပင်ကြီးများမှအပ လမ်းမကြီးပေါ်တွင် စက်ဘီးတစ်စီးနှင့် ကျောင်းစိမ်းဝတ် ကျောင်းသားငယ်လေးနှစ်ယောက်သာရှိသည်။

စက်ဘီးကို မရပ်မနားနင်းနေသော်လည်း ခိုင်ခံ့မောင်က အနည်းငယ်မျှပင် ပင်ပန်းသည့်ပုံမပေါ်။

ရှုခင်းကြည့်နေသဖြင့် မည်မျှ ကြာသွားသည်ကို ခွန်မြဲဟိန်လည်း မသိတော့။

လမ်းဆုံတစ်ခုရှေ့တွင် ခိုင်ခံ့မောင်က ညာဘက်သို့ချိုးကွေ့လိုက်သည်။

ထိုမြို့ကတော့ စားသောက်ဆိုင်အချို့နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊တည်းခိုခန်းများနှင့်တော်တော်လေး စည်ကားပါသည်။

ဘန်ဂလိုတစ်လုံးရှိသည့် ခြံဝန်းတစ်ခုအတွင်းသို့ စက်ဘီးချိုးကွေ့ဝင်လိုက်သည့်အခါ ခွန်မြဲဟိန် ထပ်မံ၍ အံ့သြရသည်။

မေမေ...။ဟုတ်ပါသည်။
တစ်လကျော်ခန့် ခွဲခွာနေရသော မေမေက ဒီကို ပြန်ရောက်နေခဲ့သည်။

မေမေက သွင်လေးကိုချီထားပြီး ခိုင်ခံ့ဖေဖေနဲ့ မေမေက ဘေးတွင်ထိုင်၍စကားပြောနေကြသည်။

"မေမေ..."

စက်ဘီးရပ်သည်နှင့် ခွန်မြဲဟိန် ခုန်ဆင်းသွားပြီး မေမေ့ရင်ခွင်ကိုပြေးသွားသည်။နဂိုဖြူသော မေမေ့အသားအရေသည် ပို၍ ဖြူဖွေးလာသယောင်ရှိသည်။
ခွန်မြဲကိုတွေ့သည်နှင့် မေမေ့မျက်ဝန်းတွေတောက်ပသွားပြီး ထွေးပွေ့၍ ကြိုဆိုကြသည်။

"မေမေက ဘယ်လိုရောက်နေတာလဲ။သပတ်ခါမှပြန်လာမယ်ဆို။"

ခွန်မြဲ ဝမ်းသာအားရမေးလိုက်တော့ မေမေက စိတ်လိုလက်ရပြုံးကာ ခွန်မြဲနောက်မှ ခိုင်ခံ့ကို ကျော်ပြီးကြည့်ရင်းဖြေသည်။

"ခံ့လေးက သားကို suprise လုပ်ရအောင်ဆိုလို့လေ။"

ခွန်မြဲဟိန် သူ့နောက်တွင်ရပ်နေသော ခိုင်ခံ့မောင်ကို လှည့်ကြည့်လိုက်တော့ သွားအဖြီးသားနှင့်ပြုံးပြနေသည်။

ခိုင်မြဲစေလို...Where stories live. Discover now