"မဟုတ်ပါဘူး...ကျန့်ကျန့်က ကိုကို အိပ်နေပီ
ထင်လို့ ဦးလေးဝမ်ကိုပဲ ပြောလိုက်တာ..
အ...နာနေပီ....လက်လွှတ်ပေး...ကိုကို

ရှောင်ကျန့်ပြောမှ ရိပေါ် သူ့ရဲ့လက်တွေကို
အနည်းငယ်လျော့ပေးလိုက်သည်။
နေကောင်းတာဖြင့်မကြာသေးဘူး ထပ်ဖျားလို့မဖစ်။သူလည်း အိမ်ရှေ့မှာ တသ်ယောက်ကလည်း
ပြန်တော့မှာကို နှုတ်ဆက်မပီး၊တစ်ခုပီးတစ်ခု
ပေးလို့မပီး၊နောက်တစ်​​ေယာက်ကလဲ အိပ်ထဲမဝင်လာနိုင် ။ထိုနှစ်ယောက်ကို ကြည့်ပီး ဒေါသထွက်နေရတာ သူ။ဒါကို ဘာမှမသိတဲ့
ယုန်ပေါက်က မေးတာတွေကို ပြန်ဖြေတာ
ပိုပီးဒေါသထွက်လာသည်။

"မင်းက ပါးကို စောင့်ရှောက်ဖို့ လာတာလား
ငါ့ကို စောင့်ရှောက်ဖို့လာတာလား

"ကိုကို့ ကိုပါ...

"မင်းမနက်ကလည်း ဘာတစ်ခုမှ မပြောပဲ
ထွက်သွားတယ်...
ငါနဲ့အတူ မနက်စာအတူထိုင်စားပီး ဘာလို့ တစ်ခုမှ မပြောသွားတာလဲ!!

"ဦးလေးဝမ်က ကိုကို့ကို ပြောလိုက်မယ်ဆိုလို့ပါ

"အပြစ်ရှိလား..

"ဟင်..ကိုကို ဘာကိုပြောတာလဲ

"ငါ့ကို ဘာတစ်ခုမှ မပြောသွားတာ အပြစ်ရှိလားလို့

ကိုကိုပြောတာတွေက နားမလည်တော့ဘူး
အပြင်လေးတစ်ခါသွားတာ ရှိသမျှလူ
အကုန်ပြောရမှာလား။ဦးလေးဝမ်က ဒီအိမ်က
လူကြီးလေ ဦးလေးဝမ် ကိုပြောသွားတ တေညင်မရဘူးလား။ကိုကို့ ကိုလည်းတမင်မပြောတာမဟုတ်ပေ။ကျန်ချန်းဖုန်းဆက်တာ မိုးချုပ်နေပီမို့
အိပ်နေပီအထင်နှင့် မပြောဖစ်တာပေ။
ဒါကို ကိုကိုက ဒေါသတွေတအားထွက်ကာ
ဆူနေစရာလိုသည်လား။

"မရှိဘူး....

"ဘာ...

"ကျန့်ကျန့် ဦးလေးဝမ်ကို ပြောသွားတာပဲ
အိမ်ကအကြီးဆုံး ကိုကို့ရဲ့ အဖေကို ပြောသွားတာပဲ..
ဦးလေးဝမ်ကလည်း ခွင့်ပြုလို့ပဲ မုန့်ဖိုးပါပေးလိုက်သေးတယ်...

"အဲ့ဒါဆို အပြစ်မရှိဘူးပေါ့

"မရှိဘူး...ကျန့်ကျန့် ဒီကိုရောက်ပီး ၁လကျော်ကြာမှ အပြင်ထွက်ရတာ ဒါကလည်း ကျန်ချန်း
လာလို့..ကိုကို့ကို တမင်မပြောတာမှ မဟုတ်တာ

ကိုကို့အနားနေပါလား♥(Complete)On viuen les histories. Descobreix ara