"ကိုကို...ကျန့်ကျန့် ပြန်ရောက်ပါပီ...

".........

"ကိုကို  ထမင်းစားတော့မလား ကျန့်ကျန့် ခူးပေးမယ်လေ...
ဒေါ်ဝေက ပြောတယ် ကိုကို နေ့လည်က.

"တော်တော် ပျော်လာလား..

စကားဖြင့် မဆုံးသေးဘူး ကိုကိုက လှည့်ကြည့်ကာပြောသည်။ လှည့်ကြည့်လာတဲ့ ကိုက်ု
က တစ်မျိုးကြီး ။အရင်က တည်ငြိမ်တဲ့ ကိုကို့
အကြည့်တွေ အေးစက်ပေမဲ့ အခုက ဒေါသထွက်နေသည့် အကြည့်မျိုး။ကိုကိုက မျက်မှန်လဲ
တပ်မထားတော့ မျက်လုံးတွေက အကာကွယ်မဲ့နေတော့ ထင်ထင်ရှားရှား။မမြင်ရတဲ့သူရဲ့
မျက်လုံးတွေကို ကြည့်နေရတာတောင် ​ေုကာက်လာသည်။

"အပြင် သွားတာကိုလား....
ဟုတ်ပျော်ပါတယ်.....

"ဟိုတစ်ယောက်ကို တွေ့ရတာမေးနေတာ

"ဗျာ...

ကိုကိုက အပြင်သွားကိုမေးတာ မဟုတ်ပဲ
ကျန်ချန်းကို တွေ့ရတာကို ပျော်လားမေးတာကို။

"ဟုတ်..ကျန်ချန်းနဲ့တွေ့ရတာလဲ ပျော်တယ်
ကျန့်ချန်းက လက်ဆောင်တွေလဲပေးလိုက်တယ်
သူနဲ့က​မတွေ့ရတာ ၁လကျော်နေပီလေ
ကျန်ချန်းက.

"ကျန်ချန်း ကျန်ချန်းနဲ့ အရမ်းနားငြီးလာပီ

အလှမ်း​ကွာနေတဲ့ ကိုကိုက ရုတ်တရတ်အနား
ရောက်ချလာပီး ပုခုံးတွေကို ဆုပ်ရင်ရင်း
ဒေါသထွက်နေတဲ့လူတစ်ယောက်လို့ပင်။
ကိုကို ဘာကို စိတ်ကြည်မနေလဲ မသိပေမဲ့
အခု ကိုကို ပုံစံက မတွေ့ဖူးတော့ အရမ်းကြောက်မိတာတော့အမှန်။

"ကိုကို...

"မင်းက ငါ့ကို လူရာမသွင်းတာလား
ငါက မမြင်ရလို့ အပြင်သွားမဲ့ ကိစ္စကို ငါ့ကို
ပြောမပြတာလား..
ငါက အဲ့လောက်တောင် မင်းရဲ့ အတွေးထဲ
မရှိဘူးလား ပြောစမ်း ရှောင်ကျန့်

သူ့ကိုယ်သူ ကိုကိုလို့ပြောနေတယ် ကိုကိုက
စတွေ့တုန်းကတောင် သိပ်မသုံးတဲ့ "ငါ"
ဆိုတဲ့ နာမ်စားချင်း ထက်နေအောင်သုံး
ပီး လူကို လည်း ဒေါသတကြီး လက်မောင်းတွေကို တင်းနေအောင်ကိုင်ထားပြန်တော့
လက်မောင်းသားတွေက နာကျင်လာသည်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now