"Photographer team ကို ဖုန်းဆက်ပေးပါ။ ငါတစ်ယောက်တည်း ဘယ်လိုမှအဆင်မပြေလောက်ဘူး"

"အိုခေ ဆက်ပေးမယ်အခုပဲ"

Daniel ထွက်သွားတယ်။ ဆောင်းကုန်ရှိုးပွဲမို့လို့ outfit တွေကအစ ဆောင်းလက်ကျန်အငွေ့အသက်ရော၊ နွေဦးရဲ့အငွေ့အသက်ရောပါအောင် စီစဉ်ထားကြရသည်။ ထို့အတွက် Jane လဲ အလုပ်တော်တော်ရှုပ်ခဲ့သည်။

"Jisoo ကျွန်တော်ကူပေးရမလား"

Jisoo နဲ့ အလုပ်ကိစ္စကိုအကြောင်းပြုပြီး တစ်ကြိမ်မကတွေ့ဖူးတဲ့ Teh က Jisoo အနားကိုရောက်လာပြီးမေးတယ်။ သူ့ကိုလှည့်မကြည့်အားသလို လှည့်ကြည့်ဖို့လဲစိတ်မပါ။

"ရတယ် Teh"

"အစ်မ .. အဆင်ပြေရဲ့လား။ အလုပ်တွေတအားရှုပ်နေမှာပဲ"

ထိုအသံကလေးကိုအကြား ရိုက်လက်စပုံကို ဖြတ်ခနဲ လက်စသတ်လိုက်ပြီး Camera ကို မျက်နှာရှေ့ကခွါလို့ လက်ထဲကိုင်ပြီး Jisoo လှည့်ကြည့်လိုက်တယ်။

"ပြေတယ် Jane အလုပ်တော့ရှုပ်နေတယ် ခဏစောင့်ပေးနော်"

"ဟုတ်။ Teh က ဒယ်ဒီ့ကိုရှာနေတာမလား ဒယ်ဒီဟိုမှာ"

Jane ဟာ ထိုအမျိုးသားရဲ့ ပုခုံးကို သူ့လက်ဖျားနဲ့တို့ပြီးနောက် အန်ကယ် Jane ရှိတဲ့ဆီကို လက်ညှိုးထိုးပြပြီးပြောတယ်။ လည်ချောင်းထဲပူလာလိုက်တာ။

"အရမ်းရင်းနှီးနေတာပဲ သူနဲ့"

"အစ်မကိုနမ်းချင်လိုက်တာ။ လူတွေနဲ့မို့ ဒုက္ခပါပဲ"

Jisoo စကားကို မကြားချင်ယောင်ဆောင်လိုက်တဲ့ကလေးမက စကားလွှဲတယ်။ Jisoo ခေါင်းတစ်ချက်ခါပြီးတော့ပဲ အရှေ့ကိုပြန်လှည့်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်လိုက်တယ်။

"Jisoo ဒီမှာ နင့်လူတွေရောက်ပြီ ဪ .. Jennie လာပြီလား။ နင့်အစ်မက နင့်ကိုတမေးမေးနဲ့လုပ်နေတာစောစောက"

Daniel က Jennie ကိုပါ နှုတ်ဆက်နေတယ်။ Jisoo စိတ်တွေဟာ အလုပ်ကြောင့်ပဲ ရှုပ်ထွေးနေသလားမသိပါ။

"တို့ကို ဟိုဘက် စားပွဲခုံ angle ကနေ ကူရိုက်ပေးနော်။ နောက်တစ်ယောက်က ဟို stage အောက်နားကရိုက်ပေး"

ချည်တိုင်Where stories live. Discover now